အခန်း (၇)
2.2K 316 13
၇။
မြေခွေးငယ်လေးက နန်းတောကို ပြန်သွားခဲ့သည်။ သူက ဂိတ်အဝင်ဝမှာ မှော်အတတ်ပညာကို သုံးခဲ့တာကြောင့် သူ့ကို အစောင့်တွေမမြင်နိုင်ချေ။
ဒါ့ကြောင့် မြေခွေးလေးက မှော်အတတ်ပညာကို တောက်လျှောက်သုံးလာခဲ့ပြီး နန်းတော်ထြကို ယိမ်းယိုင်ရင်း လျှောက်လှမ်းလာခဲ့သည်။ တော်ဝင်စာကြည့်ဆောင်ကို သူသွားကြည့်တော့ မင်းကြီးက ပြန်တမ်းစာတွေ ကြည့်ရှုစစ်ဆေးနေတာကို တွေ့လိုက်ရသည်။
မင်းကြီးကတောင်လိုပုံနေတဲ့ပြန်တမ်းစာတွေကို ကြည့်လိုက်ပြီးမေးလိုက်သည်။ "အဲ့မှာ ဘယ်သူလဲ?"
မြေခွေးလေးက အရမ်းကြည့်ကောင်းတဲ့ကိုကိုချောချောလေးကို တွေ့လိုက်ရတော့ စိတ်လှုပ်ရှားမှုကြောင့် ဆွဲဆောင်ရေးမန္ထာန်ကို ထုတ်သုံးမိသွားတော့သည်။
မင်းကြီး "မင်း ဘာလို့ ကျန်းကို မျက်စိမှိတ်ပြနေတာတုန်း?"
မြေခွေးငယ်လေးက ရှိသမျှသတ္တိတွေကို စုပြီး ပြောလိုက်သည်။ "မင်းက အခုလက်ရှိမင်းကြီးလား?"
မင်းကြီးက အသာလေးပြုံးလိုက်ပြီး ချောမောမှုတွေအပြည့်ဖြင့် "သေချာပေါက်ပဲ"
မြေခွေးငယ်လေး "အမေကပြောတယ်။ ထီးနန်းက ငါ့အတွက် ဖြစ်ရမှာတဲ့။ အဲ့တော့ ငါ့ကို ပြန်ပေးပါ"
မင်းကြီးက ခဏလောက်ကြောင်သွားပြီး "ကျန်းအခုတော့သိပြီ။ မင်းက မြေခွေးမင်းသားလေးပဲ"
မြေခွေးငယ်လေးက သူ့တင်ပါးလေးမှာ မြေခွေးအမြှီးပေါ်မနေတာ သေချာအောင်စမ်းလိုက်သည်။ ပြီးတော့ ယုံကြည်ချက်ရှိရှိနဲ့ ပြောလာတော့သည်။ "ငါက အခုလူသားဖြစ်နေပြီ"
မင်းကြီး "အမှန်ဆိုရင် ကျန်းက မင်းကို အကိုဝမ်းကွဲလို့ခေါ်ရမှာပေါ့"
မြေခွေးငယ်လေးက အပေါ်စီးကနေပြောလာတော့သည်။ ကိစ္စမရှိဘူး။ ငါကအမေ့ရဲ့သွေးသားကနေပဲ မွေးလာတာ။ အဖေနဲ့ပတ်သက်မှုမရှိဘူး"
မင်းကြီး "..."
မြေခွေးငယ်လေးက လက်ချောင်းကိုမြှောက်လိုက်ပြီး သူ့နှုတ်ခမ်းနားမှာတေ့လိုက်ကာ တီးတိုးပြောလာတော့သည်။ "တခြားသူတွေကို မပြောပါနဲ့"
မင်းကြီးက မတတ်နိုင်ဘဲ ရယ်မိလိုက်တော့သည်။
ကျန်း - ငါကိုယ်‌တော်
....
၇။
မင်းကြီး "..."
ကျန်း - ငါကိုယ်‌တော်
မြေခွေးလေးမှ မင်းကြီး၏ထီးနန်းအား နေ့တိုင်းလုယူခြင်း || ဘာသာပြန် ✅Where stories live. Discover now