၁၀။
ထိုနေ့ တော်ဝင်စာကြည့်ဆောင်တွင်
မင်းကြီးက ပြန်တမ်းစာတွေကို ပြန်ကြည့်နေတုန်း မြေခွေးငယ်လေးက မင်းကြီးထိုင်ခုံတွင်ထိုင်နေခဲ့သည်။
ထီးနန်းအား နေ့တိုင်းလုယူဖြင်း (၁/၁ ပြီးဆုံး)
တချို့ ပြန်တမ်းစာတွေကို အတည်ပြုပေးပြီးနောက်မှာ မင်းကြီးက မြေခွေးလေးကို မေးလာခဲ့သည်။ "မင်း ဘယ်လိုလုပ် ဒီနေ့မပျော်ရွှင်နေတာလဲ?"
မြေခွေးလေး "ကျန်း ဒီနေ့ပျော်မနေဘူးဆိုတာကို မင်းဘယ်လိုလုပ်သိတာလဲ?"
မင်းကြီးက ရယ်ချင်တာကို မျိုသိပ်လိုက်ပြီး "မင်း မပျော်ဘူးဆိုရင် မြေခွေးအမြှီးနဲ့ နားရွက်က ထွက်လာရောလေ"
မြေခွေးလေးက သူ့ခေါင်းနဲ့ သူ့အမြှီးကို စမ်းကြည့်တော့ တကယ်ကိုရှိနေသည်။ ဒါ့ကြောင့် သူမြန်မြန်ပြန်ပြောင်းလိုက်သည်။
မြေခွေးလေး "ကျန်းက ကျန်းကို လူအများကြီးက ဆူနေတာကိုကြားလိုက်တာ"
မင်းကြီး "အိုး"
မြေခွေးငယ်လေးက ရန်မူတော့သည်။ "သူတို့ပြောကြတာက မင်းက တကယ့်ဘုရင် ပြီးတော့ ကျန်းက မင်းရဲ့ထိုင်ခုံမှာထိုင်တဲ့ ပေရော်ပရည်လုပ်တတ်တဲ့အစေခံတစ်ယောက်တဲ့"
မင်းကြီး "ဟက်.."
မြေခွေးငယ်လေးက သူ့ကို ကြည့်လိုက်သည်။ "မင်း ငါ့ကိုညာတယ်ဆိုတာကို ငါသိတယ်။ မင်း ငါ့ကိုတကယ့်ထီးနန်းအရိုက်အရာမပေးရသေးဘူး"
မင်းကြီးက မြေခွေးငယ်လေးကို အပြုံးလေးဖြင့် ကြည့်လာခဲ့သည်။
မြေခွေးငယ်လေး "ငါ့အမေပြောတာ မင်းရဲ့ထီးနန်းအရိုက်အရာက ငါ့ဟာဖြစ်ရမှာတဲ့"
မင်းကြီး "နေ့တိုင်း မင်းနောက်လိုက်ပြီး အတူတူစားတယ်၊ မင်းနဲ့အတူတူကစားတယ်၊ ပြန်တမ်းတွေလည်း ကူကြည့်ပေးတယ်၊ ပြီးတော့ မင်းအိပ်ရာမဝင်ခင် သီချင်းတောင် ဆိုပြသေးတာကို"
မြေခွေးငယ်လေး "..."
မင်းကြီး "မင်းကြီးဖြစ်သူတောင်မှ မင်းအပိုင်ဖြစ်နေပြီကို ဘာလုပ်ဖို့ ထီးနန်းအရိုက်အရာကို လိုချင်နေသေးတာလဲ?"
YOU ARE READING
မြေခွေးလေးမှ မင်းကြီး၏ထီးနန်းအား နေ့တိုင်းလုယူခြင်း || ဘာသာပြန် ✅
Romanceမြေခွေးငယ်ေလးနှင့် မင်းကြီးတို့၏ အချစ်ဇာတ်လမ်း မြေခွေးငယ်လေးနှင့် မင်းကြီးတို့၏အချစ်ဇာတ်လမ်း Author(s) : 吕天逸 (Lu Tianyi) Associated Name : 狐妖篡位日常 Eng Translator : Peony Novel TL Status - Completed - Translate English from Burmese ♡~ I respectf...