part(4) {Unicode/Zawgyi}

397 35 1
                                    

Unicode
အခန်း (4)

ချန်း ဘော်ဒါရောက်သည်မှာ တစ်ပတ်ကျော်ကျော် နှစ်ပတ်နီးပါ ရှိလာသည်။ နေရာနှင့် အကျွမ်းတဝင်ရှိလာသလို သူငယ်ချင်းများနှင့်လည်း ရင်းရင်းနှီးနှီးရှိလာသည်။ ချန်းကစာတော်တော့ စာလာမေးကြသည်ကိုး။ ချန်းနဲ့ ရင်းရင်းနှီးနှီးနေကြသည်ကတော့ ခန့်ထည်၊ ကာယံနှင့် စန္ဒာ။
ကာယံက ဖော်ဖော်ရွေရွေရှိကာ အေးအေးဆေးဆေး နေတတ်သူမို့ သူနှင့်နေရလျှင် ချန်းအတွက် စိတ်အေးရသည်။ စန္ဒာကလည်း ချန်းကို ခဏခဏစာလာမေးရာမှ ပျော်ပျော်နေတတ်သည့် သူမနှင့် ရင်းနှီးကာ သူမနှင့် တွေ့တိုင်း ပြုံးရသလို ရယ်လည်း ရယ်ရတတ်သည်။
ပြီးတော့..... တည်ခန့်ထည်။ နာမည်က တည်တည်ငြိမ်ငြိမ်ရှိသလောက် မျက်နှာက ပြောင်ချော်ချော် ။ လူတိုင်းနီးပါးကို စနောက်သည်။ လူတိုင်းနှင့်လည်း ခင်သည်။ ဆရာ၊ဆရာမများ၏ အချစ်တော်ဆိုလည်း မမှား။
ချန်းနှင့် အပြိုင် စာလိုက်နိုင်သလို ဉာဏ်ကောင်းပြီး physics ဘာသာတွင် ဆရာတစ်ဆူ...။ ချန်းမတွက်နိုင်သည်များတောင် တွက်နိုင်သော သူ့ကြောင့် ချန်း သူ့ကို ခဏခဏစာမေးဖြစ်သည်။ သူနှင့် ခုံချင်းနီးတာ ကံကောင်းသည်ဟု ဆိုရမည်ပေါ့။ သို့သော် အိပ်သည့်နေရာ နီးတာတော့ ချန်းအတွက် ကံမကောင်းပါ။
ညဇီးကွက်လို့ ပြောရအောင်ထိ ညဘက် ညဥ့်နက်သည်ထိ စာအလွန်လုပ်နိုင်သည်။ သူများတွေ အိပ်သည်ထိ သူမအိပ်သေး။ သူတစ်ယောက်တည်း မအိပ်တာလားဆိုတော့ မဟုတ်ပေ။ ချန်းကိုပါ အဆစ်ထည့်သည်။

"ကဲ... မောင်တည်ခန့်ထည်... ညဘက်စာဖတ်ဝိုင်းလည်း သိမ်းပြီ ...တချို့တွေလည်း အိပ်ကုန်ကြပြီ ကျုပ်ကို physics ရှင်းပြမယ်ဆို ပြတော့"

"ခဏလေးကွာ bioပုံတွေ ပြီးရင် ရှင်းပြမယ် မနက်ဖြန်မနက် ထပ်ရမှာမို့"

"ငါ့ကို ရှင်းပြပြီးမှ ဆွဲလည်းရတာပဲကွာ မင်းကမအိပ်ချင်ပေမယ့် ငါ့မှာ အိပ်ချင်လွန်းလို့ အချဥ်ပေါင်းတွေ စားထားတာ သွားတွေတောင် ကြိမ်းနေပြီ"

"ခဏလေးရယ်... တကယ်ခဏလေး"

ပုံကိုသာ သေချာအာရုံစိုက်ဆွဲနေသော ခန့်ထည်ကို ချန်းစိတ်မရှည်ချင်တော့ပါ။ လူက တအားအိပ်ချင်နေပြီ။ အိပ်ချင်လျှင် စိတ်က မရှည်ချင်ချင်။
ခန့်ထည်ဆွဲနေသော စာအုပ်ပေါ်သို့ ချန်း လက်တင်လိုက်သည်။

အၾကင္နာ ထီးကေလး (အကြင်နာ ထီးကလေး){ Completed  }Nơi câu chuyện tồn tại. Hãy khám phá bây giờ