Unicode
အခန်း (27)
ခန့်ထည် ရန်ကုန်သွားသည်မှာ ကျောင်းပိတ်ရက် ၂ရက်ဟု ဆိုသော်လည်း အလုပ်တွေ မပြီးသေးသဖြင့် တစ်ပတ်တောင် ကျော်နေပြီ။ လွမ်းပါတယ် ။ နည်းနည်းကြာကြာလေးလောက် မခွဲချင်မိတာတော့ ဟန်ချန်း ဝန်ခံမိချင်သည်။
လွမ်းနေတဲ့အခါလွမ်းကြောင်းဖော်ပြနိုင်တာလည်း
သတ္တိတစ်မျိုးပဲတဲ့။
သတိရကြောင်းတခမ်းတနားဖွဲ့ဆိုတတ်နိုင်ခြင်းဟာလည်း နွေးထွေးတဲ့နှလုံးသားရဲ့အစိတ်အပိုင်းတစ်ခုပဲ။ ဒါပေမယ့်
ဟန်ချန်းရဲ့နှလုံးသားကို ပိတ်လှောင်ထားပြီး သော့ခတ်ထားတာ အတော်ကြာပြီလေ။မိမိ.ခံစားချက်တွေကို ကိုယ့်ကိုကိုယ်တောင်ဝန်ခံဖို့ခက်နေသေးတာ။
ဒီတစ်ခါတော့ သော့ဖွင့်သင့်ပြီထင်ပါတယ် ။"ဟယ်လို ဟန်ချန်း ငါ့ကို လွမ်းနေပြီလား"
"မင်း ဘယ်လိုထင်လဲ "
"လွမ်းနေတယ်လို့ ထင်တယ်..၊ ထင်တာ မဟုတ်ဘူး သေချာတာ ဟီးဟီး"
"သိရင်လည်း ဘာလို့ မေးနေသေးလဲ "
"ဟန်ချန်း...မင်း.. ငါ့ကို လွမ်းနေတယ်ဆိုတာ ဝန်ခံလိုက်တာလား"
"အင်း"
ခန့်ထည်ကဘက်မှာတော့ ကောင်းကင်တွင် တလက်လက်တောက်ပနေသော ကြယ်များ နေခင်းကြောင်တောင်ကြီး.ထွက်လာသလိုလိုပင်။
အမြဲဝန်ခံဖို့ တွန့်ဆုတ်နေတတ်သော ဟန်ချန်းက ဒီနေ့တော့ တွန့်ဆုတ်ခြင်းမရှိ ။"ခန့်ထည်...ခန့်ထည်.. ဘာလို့ ငြိမ်နေတာလဲ "
"ရော်...ပျော်လို့ပေါ့လို့ ဝမ်းသားလုံးဆို့သွားတာ ၊ ရေသောက်မလို့ လုပ်နေတယ်"
"ဖြေးဖြေးသောက်"
"ဟန်ချန်း....တကယ်တော့လေ ငါ ပြန်ရောက်နေပြီ ဟီးဟီး "
"ငါဆဲလိုက်ရ...မင်းကတော့ တစ်နေ့တစ်မျိုး မရိုးရအောင် ငါ့ကို တစ်ပတ်ရိုက်နေတာပဲ"
"ဟန်ချန်းကလည်း ချစ်လို့ပါ"
"တော်ပြီ ဒါပဲ "
"အာ... ခဏခဏ"
"ဘာလဲ"
"စိတ်မဆိုးဘူးမလား"
CZYTASZ
အၾကင္နာ ထီးကေလး (အကြင်နာ ထီးကလေး){ Completed }