part (16) {Uni/Zg}

259 25 0
                                    

Unicode

အခန်း.(16)

ပြောလို့ပြီးသွားပြီ။ ချန်းကတော့ ခန့်ထည်ကို ရှောင်ပြီလေ။ ဖွင့်ပြောတုန်းကတော့ သေနတ်ပစ်သလို တရစပ် ပြောပြီး ခုကျတော့ မျက်နှာပူနေသည်။ နည်းနည်းရှက်နေတာလည်း ပါတာပေါ့ ။ ကြောက်တာလည်း ပါသည်။ငါ့ကို မုန်းသွားရင် ဆိုသည့် အ​တွေးက ခေါင်းထဲ ခဏခဏ ဝင်လာသည်။
ဖွင့်ပြောဖို့သာ အားသန်နေပြီး အဲ့အချက်ကို ပူထူပြီး မေ့နေခဲ့သည် ။ ဘယ်လိုပဲ ရှောင်နေပါစေ.ညကျရင်တော့ တွေ့ရမှာပဲလေ။ သူနဲ့ ချန်းနဲ့က အိပ်တဲ့နေရာက ကပ်နေတာကိုး။
မျက်မှာပူပူနှင့်သာ ခန့်ထည်ဘက်ကို နောက်ကျောပေးနေလိုက်သည်။

"ဟန်ချန်း"

နောက်ကျောဘက်က ခေါ်သံကြားသော်လည်း လှည့်မကြည့်ရဲ။

"ဘာလဲ"

"ဒီဘက် လှည့််ပါဦးကွ "

"အိပ်ချင်နေပြီ"

"မင်းရှက်နေတာလား အပြောခံရတဲ့ ငါက ရှက်ရမှာ မဟုတ်ဘူးလား"

"ဘယ်သူက ရှက်လို့လဲ "

"မရှက်ရင် ဒီဘက်ကလေး လှည့်ကြည့်ပါဦးကွ စကားလေးဘာလေး သေချာပြောရအောင်...မင်းက ပြောချင်တာပြောပြီး ထွက်သွားတော့ ငါဘာမှကို ပြင်ဆင်ချိန်မရလိုက်ဘူး "

"ခု ချက်ချင်း အဖြေမပေးပါနဲ့ ၁၀တန်းပြီးမှပေး ခုချိန်က စာကျက်ရဦးမယ့် အချိန်"

ဪ...သူကပဲ တင်တင်စီးစီး အဖြေပေးခိုင်းမယ့် ရက်ကို သတ်မှတ်ပေးနေတယ်..ဟု ခန့်ထည် စိတ်ထဲကပဲ ပြောလိုက်ပါသည်။
ခန့်ထည်ဘက်မှ အသံတိတ်သွားတော့ လေထုက ငြိမ်သက်နေသည်။ ဟန်ချန်း စိတ်ထဲ၌ နည်းနည်းနေရခက်လာသည်။ ခန့်ထည်ဘက်သို့ လှည့်ကြည့်ရန် ဆုံးဖြတ်လိုက်ပြီး လှည့်လိုက်တော့
ခန့်ထည်က ဟန်ချန်းဘက်လှည့်ကာ စိုက်၍ ကြည့်နေသည်ကို တွေ့ရလေသည်။ မျက်လုံးချင်းဆုံသွားသည်ကို သိသော်လည်း အကြည့်မလွှဲမိကြ။

"ဟန်ချန်း မင်း မျက်နှာနဲ့ နားရွက်တွေနီနေတယ်"

အိပ်ဆောင်ထဲရှိ မီးလာမပိတ်သေးသော ဘော်ဒါအုပ်ကို ချန်း တမိသည်။ ဘာလို့ ဒီနေ့မှ ဘာလုပ်နေလို့ မီးလာမပိတ်သေးတာလဲ။

အၾကင္နာ ထီးကေလး (အကြင်နာ ထီးကလေး){ Completed  }Onde histórias criam vida. Descubra agora