Unicode
အခန်း (24)
ကျွန်တော် သူ့ကို မချစ်ချင်တော့ဘူး ။ မသေချာမှုတွေနဲ့ ထပ်ပြီး ဝေးရမှာကြောက်တယ်။ ကျွန်တော် သတ္တိမရှိပါဘူး ။ အစကတည်းက မရှိတာပါ။ နာကျင်ရမှာ ကြောက်လို့ အရင်ကျောခိုင်းခဲ့ပြီးမှ ပြန်မလှည့်ချင်တော့ဘူး ။ နောက်ပြီး သူ့ကို မယုံရဲတော့ဘူး။
.....
ဗုဒ္ဓဟူးနေ့ မနက် ၈နာရီ။
အိပ်ယာထဲမှ မထချင်သေးသဖြင့် လူးလှိမ်.နေလိုက်သည်။ အအေးဓာတ်က မနက်စာမှာ အစွမ်းကုန်အေးပြနေသဖြင့် လွတ်နေသော စောင်အား မျက်စိမဖွင့်သေးပဲ လိုက်စမ်းကာ အစတွေ့တာနှင့် ဇွတ်ဆွဲ၍ ခြုံလိုက်ပါသည်။
သူပြောလိုက်သော စကားအား မျက်လုံးလေးပြူးကာ ကြည့်နေခဲ့သော ကောင်လေးအား တွေ့မိပြီး နှုတ်ခမ်းပါးတို့က တွန့်ကွေးသွားသည်။ စိတ်ကျေနပ်စွာ မပြုံးရတာ အတော်ကြာခဲ့ပြီလေ။
ကျောင်းသားဘဝ လွတ်လွတ်လပ်လပ် နေရမည်မလားမှတ်တယ်။ပထမနှစ်ကတည်းက တနေ့တနေ့ တက်လိုက်ရတဲ့ business class တွေ ။ တက္ကသိုလ်မှ အတန်းပြီးသည်နှင့် ပြေးပြေးလွှားလွှား တက်ခဲ့ရတာတွေ ။ online ပေါ်မှာ အီစိမ့်နေအောင် ထိုင်ပြီး တက်ရတဲ့ အတန်းတွေ။ ဒုတိယနှစ်တက်တော့ လုပ်ငန်းတွေ လေ့လာနေပြန်သည်။ခဏအကြာတော့ စားပွဲပေါ်မှ ဖုန်းဝင်သံက ထွက်ပေါ်လာသဖြင့် လှမ်းယူကာ ကိုင်လိုက်ပါသည်။
"ဟုတ်ကဲ့ တည်ခန့်ထည်ပါ"
"GMရေ.... ဒီနေ့ ကုမ္ပဏီမှာ video chatting ရှိတယ်လေ နောက်နာရီဝက်ဆို စတော့မယ် ခုထိ မထသေးဘူးလား"
"အယ်...ဟုတ်သားပဲ ထပြီထပြီ .... လိုအပ်တဲ့ စာရွက်စာတမ်းတွေ ကျွန်တော့် mailထဲကို ပို့ပေးပါဦးနော် ကိုရဲ၊ ညက showroom က စာရင်းတွေ ပြန်စစ်နေတာနဲ့ ညဥ့်နက်သွားတာ၊ စာရွက်တွေ မစီရလိုက်ရဘူး "
"ဂိမ်းဆော့တာကော မပါဘူးပေါ့"
"ဟဲဲဟဲ အဲ့တာက ချွင်းချက်...မသိချင်ယောင်ဆောင်ပေးလိုက်ပါဗျာ..နော်..ဟီးဟီး"
"ကျွန်တော်မရှိရင် GMရဲ့ ကုမ္ပဏီ ဒေဝါလီ အစောကြီးခံရလောက်တယ် "
ဒယ်ဒီ၏ ဆောက်လုပ်ရေး ကုမ္ပဏီရုံးခွဲတစ်ခုကို ခန့်ထည်အား အစောကြီး လေ့လာ ဦးစီးခိုင်းသလို နိုင်ငံခြားမှ အမေဖြစ်သူကလည်း သူ့ခင်ပွန်း၏ car showroom အား မြန်မာပြည်ထိ နယ်ချဲ့ပြီး သူ့ကို လေ့လာခိုင်းပြန်သည်။ ကျောင်းကတစ်ဖက် ၊ လုပ်ငန်း၂ခုက တစ်ဖက်၊ သင်တန်းတွေကတစ်ဖက် လူက မူးချာလည်နောက်လာပြီ။ ၁၀တန်းထိ အေးအေးဆေးဆေးနေလာခဲ့ရသမျှ အောင်လည်းပြီးရော တစ်နေရာထဲမှာ ဖင်ပူအောင်တောင် မထိုင်နိုင်တော့။
ကိုရဲမြင့်မိုရ်က သူ့အား ဘေးမှ ကူညီပေးနေ၍သာ တော်တော့သည်။
ESTÁS LEYENDO
အၾကင္နာ ထီးကေလး (အကြင်နာ ထီးကလေး){ Completed }