Unicode.
အခန်း (7)
နွေကျောင်းပိတ်ခါနီး စာမေးပွဲကြီး ဖြေရမည် ဖြစ်သဖြင့် ကျောင်းသူကျောင်းသားများ ကြိုးကြိုးစားစား စာကျက်နေချိန်ဝယ်....။
"၉တန်းတွေ ခဏနားမယ် ၁၅မိနစ်ပဲနော်"ဂိုက်ဆရာမ၏ ေဆာ်သြမှုကြောင့် စာကျက်သံများ တိတ်ကာ စကားသံများ ထွက်လာလေသည်။ မနက်စာပြီးကတည်းက ကျက်နေရတာ အခု ၁၀ နာရီတောင် ကျော်နေပြီ။
အားများများ မစိုက်ထုတ် ၊ အော်မကျက်ပါတဲ့ ခန့်ထည်ကတော့ ဗိုက်ဆာနေပြီလေ။ ရှေ့တွင် ရှိသော ချန်းနှင့် ကာယံကို လက်တို့ကာ..."မုန့်လေးဘာလေး မရှိဘူးလား ငါဗိုက်ဆာနေလို့ "
ချန်းနှင့် ကာယံကလည်း သူတို့မှာ မုန့်ရှိမရှိ တစ်ချက်စဥ်းစားပြီးနော်..ချန်းက ခေါင်းယမ်းပြလေသည်။ ကာယံကတော့ ခုံအောက်က ကွေကာအုပ်အထုပ်ကလေး ထုတ်ပြကာ..
"ဒါပဲ ရှိတယ် ...စားမလား.. စားပြီးရေသောက်လိုက်ရင် အဆာပြေပါတယ်"
"ရတယ်ကွာ.. ပေး...ကျေးဇူးပဲ"
ကွေကာအုပ်အား ဖောက်လိုက်ပြီး ခန့်ထည် သူ့ပါးစပ်ထဲသို့ မော့ကာ ထည့်စားလိုက်သည်။
အမှုန့်များကို မြိုမချသေးဘဲ... ချန်းအား လက်တို့လိုက်သည်။ ချန်းကလှည့်
ခန့်ထည်က ချန်း ဟု အခေါ် ပါးစပ်ထဲမှ အမှုန်များကတော့ အတားအဆီးမဲ့စွာ ချန်း မျက်နှာပေါ်သို့...
"ဖူး"မျက်မှန် မှန်သားပေါ်နှင့် မျက်နှာပေါ်တွင် အဖြူမှုန့်များ ပေနေသော ချန်းကို ကြည့်၍ ခန့်ထည်ရယ်မိကာ ခန့်ထည်ပါးစပ်ထဲ ကျန်နေသော အမှုန်များကို မှုတ်ထုတ်မိရာမှ ချန်းမျက်နှာပေါ် ထပ်မံရောက်ရှိသွားလေတော့သည်။
"ခန့်ထည်....."
ချန်းဒေါသထွက်ပြီလေ။ မျက်နှာတစ်ခုလုံး ကွေကာမှုန့်တွေ အကုန်ပေကုန်ပြီကိုး.. ။
"အာ...sorry ချန်း တမင်လုပ်တာ မဟုတ်ပါဘူးကွာ"
ခန့်ထည်ကာ ပြာပြာသလဲတောင်းပန်သလို ချန်းမျက်နှာရှိ အမှုန့်များကို လက်ဖြင့် ခါပေးနေလေသည်။ အဖြစ်အပျက်ကို အစအဆုံး ကြည့်ကာ ရယ်နေသူကတော့ ကာယံ။
YOU ARE READING
အၾကင္နာ ထီးကေလး (အကြင်နာ ထီးကလေး){ Completed }