part (26)

255 20 0
                                    

Unicode

အခန်း (26)

အတန်းချိန်ပြီးသွား၍ တီချယ်ထွက်သွားပြီးနောက် အကြီးတန်းမှ ကျောင်းသားများ ဝင်လာကြသည်။ ထိုထဲမှ ခေါင်းဆောင်ဖြစ်ပုံရသော တစ်ယောက်က king, queen selection ရွေးမည့် အကြောင်းပြောလာသည်။
ဟန်ချန်း မျက်လုံးထဲသို့ ပုံရိပ်တစ်ခု တိုးဝင်လာပါသည်။ သူကတော့ ခန့်ထည် ။
ထို့နောက် စာရင်းကောက်ရန် ခန့်ထည်နှင့် နွေတို့အား ထားခဲ့ပြီး အခြားအခန်းသို့ သွားလေသည်။ နွေက ယောက်ျားလေးတန်းတွင် ထိုင်နေသော ဟန်ချန်းအနားသို့ ချက်ချင်းရောက်လာပြီး

"ချန်းလေး မမ မင်းအတွက် စာရင်းပေးထားလိုက်မယ်နော် ဟီး"

"ဟန်ချန်းက  ပြိုင်စရာမလိုဘူး"

ဟန်ချန်း မငြင်းခင် ခန့်ထည်က အနားသို့ ရောက်လာပြီး.သူ့အစား ဦးအောင် ငြင်းလေတော့ နွေက မျက်စောင်းခဲရင်း

"ချန်းက ပြိုင်ရင် kingတောင် ရချင်ရမှာ ချောရဲ့သားနဲ့ မပြိုင်ရင် နှမျောစရာကြီး"

"သူက king ဖြစ်ပြီးသားလေ "

"ဟမ်"

"ငါ့နှလုံးသားထဲမှာ "

"တည်ခန့်ထည်"

ခန့်ထည်တို့ စကားပြောနေသည်မှာ မကျယ်သော်လည်း မတိုးလှ ။ ဘေးနားတွင် ထိုင်နေသူများ ကြားနိုင်သည့် အသံပင်။
ထို့ကြောင့် ဟန်ချန်း အံကြိတ်ကာ သတိပေးလိုက်ခြင်းပင်။ ခန့်ထည်ကတော့ သူ့မူအတိုင်း ခပ်ပြုံးပြုံး။ နွေကတော့ သူတို့နားမှ ထွက်ကာ ကျန်သည့် ကလေးများအား ပါဝင်ရန် ချော့မော့ပြောနေလေသည်။
ယခုမှ တက္ကသိုလ်ကြီးသို့ ရောက်လာသော သူလေးများမှာ ပွဲတစ်ခုခုကို ပါဝင်ဖို့ကိုပင် တွန့်ဆုတ်နေတတ်သဖြင့် စီနီယာများက အလိုက်သင့် လမ်းခင်းပေးတတ်ကြသည်။

"ဟန်ချန်း ဝင်ပြိုင်မှာလား"

"ဟင့်အင်... အာရုံစိုက်ခံရတာ မကြိုက်ဘူး ၊ အခုတောင် မင်းကြောင့် ငါ့မှာ အတော်လေး အာရုံစိုက်ခံနေရတယ် "

"အဲ့တော့ ကောင်းတာပေါ့ ပိုင်ရှင်ရှိမှန်း.သိသွားတာပေါ့"

ထိုအသံကိုတော့ ခန့်ထည် လေသံလျှော့၍ ပြောလိုက်ခြင်းပင်။ သို့သော် ဘေးနားတွင် ထိုင်နေသော အတန်းဖော်ကတော့ ကြားပါသည်။ ထိုလူ့ကို ကြည့်လိုက်တော့ အသံမထွက်ဘဲ ရယ်နေသဖြင့် ဟန်ချန်း ပြန်၍ မချိပြုံးသာ ပြုံးပြလိုက်ရပါသည်။ အလိုက်သိစွာပင် အနားမှ ထသွားလေသည်။

အၾကင္နာ ထီးကေလး (အကြင်နာ ထီးကလေး){ Completed  }Donde viven las historias. Descúbrelo ahora