part (5) { Unicode /Zawgyi}

338 34 4
                                    

Unicode

အခန်း (5)

"ချန်းလေးရေ.... ထည်ထည့်ရဲ့ ချန်းချန်းရေ"

ချန်းတော့ မျောက်ကို အုန်းသီးပေးမိသလိုပါပဲ။ စာသင်ချိန်မှ လွဲ ကျန်သည့်အချိန်တိုင်း နီးပါးစ နေသော ခန့်ထည်ကို အစပိုင်းက စိတ်ဆိုးကာ လိုက်၍ ထုရိုက်မိသော်လည်း နောက်ပိုင်း ကြားရတာ အရေထူပြီလေ။ ခန့်ထည်အား ဖုတ်လေသည့် ငပိ ရှိတယ်လို့တောင် မထင်ဟန် နေပြလိုက်သည်။ အမှတ်မရှိတဲ့ ခန့်ထည်ကတော့ စမြဲစနေတာပါပဲ။

"ဘာလဲ... ပြော"

ခန့်ထည်ရှိရာ အနောက်ဖက် ခုံသို့ ချန်းလှည့်၍ မေးလိုက်သည်။ကျောင်းသွားခါနီး နားချိန်ဖြစ်၍ အတန်းထဲတွင် လူမရှိတော့သော်လည်း စာဂျပိုးဖြစ်သော ချန်းမှာ မနက်ကတည်းက ကျောင်းသွားရန် ပြင်ဆင်ထားသည့်အတွက်ကြောင့် အေးအေးလူလူဖြင့် မျက်နှာနှင့် စာအုပ် မခွာသေးပေ။ ခန့်ထည်လည်း တံငါနားနီးတံငါ မုဆိုးနားနီမုဆိုး ဆိုသလို ချန်းစာလုပ်လျှင် သူပါလိုက်လုပ်သည်။

"ဒီမှာ စာ"

"ဘာစာလဲ"

ခန့်ထည်ပေးသော စာရွက်ခေါက်အား ယူကာမေးလိုက်သည်။

"ရည်းစားစာ"

ချန်းက ကိုင်ထားသော စာရွက်ခေါက်ကို ခန့်ထည်အား ပြန်ပစ်ပေးရင်း

"မင်းရည်းစားစာ ငါဘာလုပ်ရမှာလဲ "

"ရည်းစားစာလို့ တကယ်ထင်နေတာလား ခွင့်စာပါကွ ခွင့်တိုင်စာ ကျောင်းကို ငါ့အစား ခွင့်တိုင်ပေး မနေ့ကလည်း အတန်းပိုင်ကို ပြောတော့ပြောထားပါတယ်"

"ဘာလို့လဲ နေမကောင်းလို့လား ကြည့်ရတာတော့ အလတ်ကြီးပါပဲ"

"ငါ့မိဘတွေ ဒီနေ့လာမှာတဲ့ တွေ့ချင်လို့ပါ ဒီနေ့တော့ ကျောင်းမတက်တော့ဘူး"

"၂ယောက်လုံးလား"

"အင်း အတူတူလာကြမယ်တဲ့"

"အတူတူ.."
ချန်းသံယောင်လိုက်၍ ပြောလိုက်မိသည်။

ချန်းရောက်စကတည်းက ခန့်ထည်၏ အိမ်မှလာသော မိဘနှစ်ပါးမှာ အတူတူလာတာ မတွေ့ဖူးပေ ။ ခန့်ထည်က အမေနှင့် တွေ့လျှင် မျက်နှာ ပြုံးရွှင်နေသလောက် အဖေနှင့်တွေ့လျှင်တော့ တခါမှ မမြင်ဖူးသည့် မျက်နှာထားမျိုး ၊ မှင်သေသေနှင့် တက်တက်ကြွကြွပုံစံ လုံးဝမတွေ့မိချေ။

အၾကင္နာ ထီးကေလး (အကြင်နာ ထီးကလေး){ Completed  }حيث تعيش القصص. اكتشف الآن