ပီက ခံပြင်းမှုအချို့တို့နှင့်အတူအိမ်ကိုပြန်လာခဲ့တယ်
အိမ်တံခါးကိုတွန်းဖွင့်ရင်းနဲ့ ကိုယ်ကိုကိုယ်ပြန်နမ်းကြည့်တယ် နံစော်နေပြီလေ
ဒီနေ့ကျမှ အိမ်မှာလည်းအရမ်းကိုတိတ်ဆိတ်နေတယ်
ပီက ပန်းအိုးတွေနားကို လေးပင်စွာနဲ့သွားခဲ့တယ်ပီရဲ့ခေါင်းထဲမှာ အကိုလတ်ဒူရမ်ရဲ့ပြောခဲ့တဲ့စကားတွေက တဝဲလည်လည်ဖြစ်လာတယ်
'' မင်းကိုယ်မင်းပြန်ကြည့်ဦး
မျက်မှန်ကလည်းအထူကြီး ဆံပင်ကလည်းရှုပ်ပွပွနဲ့
စကားကိုလည်းရှင်းရှင်းမပြောဖူး အဝတ်အစားဝတ်ရင်လည်းမသပ်မရပ်နဲ့
မင်းကိုယ်မင်းပြောင်းလဲဖို့ဘယ်တော့မှမစဥ်းစားဖူးဆိုရင် မင်းကိုသူများကကြိုက်လာဖို့မမျှော်လင့်နဲ့ ညီလေး......''ပီကပန်းအိုးနားကရေပိုက်ကိုဆွဲယူပြီးတော့ ခေါင်းကနေလောင်းချခဲ့တယ် အဖြစ်အပျက်တွေကိုမေ့လိုမေ့ငြားပေါ့
'' အကိုပြောတာယုံလိုက် ညီလေးကဒီနေရာနဲ့မသင့်တော်ဖူး ''
ပြီးတော့လုံခြုံရေးကြီးကဲ့စကားသံတွေ
ရန်ဖြစ်ခဲ့တဲ့လူမိုက်အဖွဲ့ရဲ့ရယ်သံတွေ
ပို့စ်အောက်ကကော့မန့်တွေ
သူငယ်ငယ်ထဲကကြားခဲ့ရတဲ့ကျောင်းကသူငယ်ချင်းတွေရဲ့လှောင်ရယ်သံတွေ
အသုံးမကျတဲ့ကောင် ရယ်စရာကောင်းလိုက်တာကွာ
အရှုံးသမား
ပီရဲအကိုက ပီကိုချောတဲ့ရုပ်ရည်လေးနည်းနည်းလောက်မျှပေးသင့်တယ် သူ့မှာသူ့အကိုကိုပိုင်ဆိုင်ထားတာကလွဲရင်ကောင်းတာမရှိဖူးအခုအချိန်မှာပီ့စိတ်ထဲမှာ အဲ့စကားတွေကိုပဲထပ်တလဲလဲကြားနေမိတယ်
ပီိကတနျဖိုးမရှိတော့ဖူးလား အချစ်ခံဖို့မထိုက်တန်ဖူးလား
ပီပြောင်းလဲချင်တယ်............'' ညနက်ကြီးရေကူးနေတာလား'' အကိုလတ်ဒူရမ်ကအိမ်ထဲကနေထွက်လာတယ်
'' မင်းအမေကဒါကိုရေကူးနေတယ်လို့သင်ပေးထားတာလား ''
'' ငါ့အမေကမင်းအမေပဲလေ မင်းကိုဘယ်သူအနိုင်ကျင့်ခဲ့တာလဲ ငါသွားထိုးပေးမယ် ''
'' အကိုလတ် မင်းပြောခဲ့တာကိုငါအခုနားလည်သွားပြီ ငါ့လိုလူမျိုးကိုဘယ်သူကမှမကြိုက်ဖူး ငါဒီလိုပုံစံကြီးမဖြစ်ချင်တော့ဖူး ငါပြောင်းလဲချင်တယ် ''
ပီရဲ့မျက်လုံးတွေက သူတစ်ကယ့်ကိုအလေးအနက်ပြောနေတယ်ဆိုတာသိသာနေတယ်
'' ငါကူညီပေးမယ် ညီလေး ''
YOU ARE READING
Fish Upon the Sky
Fanfictionကျွန်တော်နာမည်က ပီ ကျွန်တော်မှာကြိတ်ကြိုက်နေရတဲ့လူတစ်ယောက်ရှိတယ် သူ့နာမည်ကမာနန်း မာနန်းကအရမ်းချော၊ပေါ်ပြူလာဖြစ်ပြီးတော့fanတွေလည်းအများကြီးရှိတယ် ကျွန်တော့လိုပါဝါ၇၀၀လောက်ရှိတဲ့မျက်မှန်ထူကြီးနဲ့သွားထိန်းတပ်ထားတဲ့ကောင်အတွက်တော့မာနန်းကကောင်းကင်ပေါ်ကလက...