ပဥမနှစ်ကျောင်းသားတစ်ယောက်၏ပုံပြင်
အန္တရယ်ရှိသောရေဘူး''ဒီနေ့ဘယ်သူနဲ့ထိုင်ရမလဲ''
ငရှုပ်ဒူရမ်ကချစ်ဖို့ကောင်းတဲ့ကောင်မလေးတွေရဲ့အနားမှာထိုင်ရဖို့ကိုအမြဲတမ်းချောင်းနေတာဖြစ်တယ်
''အိုး ချစ်စရာလေးနှစ်ယောက်တောင်ဟ အဲ့နားမှာသွားထိုင်ရမယ်''
ဒူရမ်ပြောလို့မဆုံးခင်မှာပဲ ဘေးနားကဆံပင်စည်းထားတဲ့ကောင်မလေးက သူ့ဘေးနားကချစ်စရာကောင်မလေးရဲ့ခေါင်းကိုနမ်းလိုက်တယ်
အနမ်းခံလိုက်ရတဲ့ကောင်မလေးက ချစ်စရာကောင်းတဲ့အပြုံးလေးတောင်ပြုံးပြလိုက်သေးတယ်''အတွဲတွေဟ''
ဒူရမ်ရဲ့မျက်နှာကစိတ်ပျက်သွားသလို ရှုံတွနေပြီဖြစ်တယ်''ဒူရမ် ဒူရမ် ဒူရမ်''
''ဘာလဲကွာ''
''ငါ့ရေဘူးကိုတွေ့မိသေးလား''
''ဘာရေဘူးလဲ''
''ငါတို့စာအတူလုပ်တဲ့နေ့ကငါယူလာတဲ့ရေဘူးလေ ငါ့စိတ်ထင်မင်းဆိုင်ကယ်ပေါ်မှာကျန်ခဲ့တယ်ထင်တယ်''
''ဪ''
''မှတ်မိတယ်မလား ငါ့ကိုပြန်ပေးပါလား''
''ငါ ပန်းရောင်းတဲ့ကောင်မလေးကိုပေးခဲ့တယ်''
အဲ့နေ့က မီနဲ့အတူစာလုပ်ပြီးပြန်တော့ အပြန်လမ်းကမီးပွိုင့်မိနေတဲ့နေရာမှာ ပန်းရောင်းတဲ့ကောင်မလေးတစ်ယောက်က
''အကိုကြီး စံပယ်ပန်းကုံးလေးတွေယူဦးမလား အခုမှသီထားတာပါ
ဘုရားပွဲတော်နေ့ဆိုတော့ အကိုဆုတောင်းသွားပါလား''''အကိုကအပြစ်တွေအများကြီးနဲ့ဘာသာမဲ့''
''ဘာသာမဲ့ဆိုလည်း ဘောပင်လေးအားပေးလို့ရပါတယ်''
''အကိုကမင်နဲ့ဓာတ်မတည့်ဘူး ခဲတံပဲသုံးတယ်''
''ရှူဆေးရော''
ဒူရမ်ကခေါင်းခါပြလိုက်တယ်''နှုတ်ခမ်းဆီ''
''ကြက်ကြော်''
''ဝက်သားလုံး''''ငါဘာမှမယူပါဖူးဆိုနေ''
သူ့နားမှာစကားတွေလာပြောနေလို့ စိတ်ရှုပ်လာတဲ့ဒူရမ်ကကလေးမလေးကိုအော်လိုက်မိတယ်
YOU ARE READING
Fish Upon the Sky
Fanfictionကျွန်တော်နာမည်က ပီ ကျွန်တော်မှာကြိတ်ကြိုက်နေရတဲ့လူတစ်ယောက်ရှိတယ် သူ့နာမည်ကမာနန်း မာနန်းကအရမ်းချော၊ပေါ်ပြူလာဖြစ်ပြီးတော့fanတွေလည်းအများကြီးရှိတယ် ကျွန်တော့လိုပါဝါ၇၀၀လောက်ရှိတဲ့မျက်မှန်ထူကြီးနဲ့သွားထိန်းတပ်ထားတဲ့ကောင်အတွက်တော့မာနန်းကကောင်းကင်ပေါ်ကလက...