''အဲ့တော့ ပုံပြင်ကတကယ်မဟုတ်ဖူးထင်တယ်
အလကားသက်သက် ငါ့ခြေထောက်ပဲဒဏ်ရာရသွားတယ်''ထိုဓာတ်ခွဲခန်းကိုသွားပြီးနောက်နေ့ထိပီခြေထောက်ကအကောင်းအတိုင်းမဟုတ်သေးပါ
အဲ့အနာလေးတစ်ခုအတွက်နဲ့တော့ပီကကျောင်းစာတွေကိုအလွတ်မခံနိုင်ပါ
ဟိုတစ်နေ့ကဆရာကလည်းကျိန်းသွားသေးသည်မဟုတ်လားပီကလမ်းကူးဖို့ရန်ပြင်လိုက်တော့ ပီလက်ကိုလာတွဲပြီးလမ်းကူးသွားသူတစ်ယောက်ရှိနေသည်
ပီလှည့်ကြည့်လိုက်တော့ မော့
ပီကအံ့သြစွာနဲ့ကြောင်နေတုန်းမှာ မော့ကပီရဲ့လက်ကိုဆွဲရင်းလမ်းကိုသေချာကူးတယ်
လမ်းတစ်ဖက်ကိုရောက်သွားတာနဲ့ပီကမော့ရဲ့တွဲထားတဲ့လက်ကိုမြန်မြန်ဖြုတ်ချတယ်''မင်းဘာလုပ်တာလဲ ငါကကန်းနေတာမဟုတ်ဖူး''
''မင်းခြေထောက်ကကောင်းသေးတာမဟုတ်ဖူး အရမ်းမလှုပ်ရှားနဲ့ဦး''
''ငါမင်းကိုအကူညီမတောင်းမိပါဖူး''
''ဟုတ်ပါပြီ ငါကစပ်စုတာပါ ဒါပေမယ့်ငါတို့ကသူငယ်ချင်းတွေမို့လို့ငါလုပ်ပေးလို့ရတယ်''
ပြောပြီးတာနဲ့မော့ကထွက်သွားတယ်
ပီကလည်းအတန်းတတ်ဖို့အတွက်သွားရဦးမှာမို့သူပြောတာကိုစိတ်ထဲထည့်မနေတော့ဘဲထွက်လာလိုက်တော့တယ်xxxxxxxxxxxxxxxxx
''မဂ်လာပါ ကျွန်တော့်ကိုdouble shot coffeeတစ်ခွက်ပေးပါ ပြင်းပြင်းလေးလုပ်ပေးနော်''
ဝှားကိုအရှည်ကြီးသန်းရင်းနဲ့ပီကကော်ဖီမှာလိုက်တယ်''ဟုတ်ကဲ့ပါဗျ''
''ညလုံးပေါက်ထားလို့လား''
မာနန်းရဲ့မေးလိုက်တဲ့အသံကပီရဲ့အိပ်ချင်နေတာကိုတောင်ပြေပျောက်စေနိုင်တယ်''မဟုတ်ပါဖူး ညလုံးမပေါက်ပါဖူး စာလုပ်ထားလို့ပါ''
ပီကပြာပြာသလဲဖြေလိုက်ရင်းနဲ့ကိုယ်ကိုကိုယ်တွေးလိုက်မိတယ်
ဘယ်လောက်တောင်အသုံးမကျတဲ့ဆင်ခြေကြီးလဲ''ပီရေ ပီဟိုတစ်နေ့ကပြောတဲ့ကိစ္စလေ ငါစိတ်ပြောင်းသွားပြီသိလား ဒီနေ့ညမလား''
''အင်း''
''အဲ့ကျရင်တွေ့မယ်နော် ငါသွားတော့မယ် ဘိုင့်ဘိုင်''
YOU ARE READING
Fish Upon the Sky
Fanfictionကျွန်တော်နာမည်က ပီ ကျွန်တော်မှာကြိတ်ကြိုက်နေရတဲ့လူတစ်ယောက်ရှိတယ် သူ့နာမည်ကမာနန်း မာနန်းကအရမ်းချော၊ပေါ်ပြူလာဖြစ်ပြီးတော့fanတွေလည်းအများကြီးရှိတယ် ကျွန်တော့လိုပါဝါ၇၀၀လောက်ရှိတဲ့မျက်မှန်ထူကြီးနဲ့သွားထိန်းတပ်ထားတဲ့ကောင်အတွက်တော့မာနန်းကကောင်းကင်ပေါ်ကလက...