ဓာတ်ခွဲခန်းငယ်သည်မှောင်မဲကာတိတ်ဆိတ်လျက်ရှိသည်
ပီတို့စာသင်နေစဥ်ကရှိနေခဲ့သောအလောင်းကုတင်လေးခုသည်ယခုသုံးခုသာရှိနေသည်
လုံခြုံရေးအစောင့်တစ်ဦးသည် ထိုကျန်ရှိနေသောကုတင်ကိုတွန်းလျက်ဓာတ်ခွဲခန်းထဲဝင်လာသည်
ကုတင်ကိုနေရာတကျပြန်ထားလိုက်ကာ ထိုအလောင်းကောင်ကိုဦးညွတ်ကာတောင်းပန်လိုက်သည်''ကျွန်တော်တောင်းပန်ပါတယ်ဗျ အမှန်တော့ကျွန်တော်လည်းအဲ့လိုမလုပ်ချင်ပါဖူး''
''မင်းကျောင်းသားတွေကိုထပ်ခြောက်ပြန်ပြီလား''
ကျန်းမာရေးဌာနကပါမောက္ခကရောက်လာလေသည်''တွေ့လိုက်တာလားဗျ တောင်းပန်ပါတယ်''
မော့ကပီကိုကုန်းပိုးထားရင်းနဲ့ကျောင်းပေါက်ဝနားကိုရောက်လာပြီဖြစ်တယ်
''ဟေး ရသွားပြီကွ ၁၂နာရီ၁၃မိနစ်ကွက်တိပဲ''
ပီကိုယ်လုံးကြီးကိုသယ်လာရတဲ့မော့ကတော့ တော်တော်လေးကိုမောနေပြီပဲဖြစ်တယ်
ပီကရောက်လာလာပြီးချင်းပဲ ကြမ်းပြင်ပေါ်မှာလှဲချပစ်လိုက်တယ်''ဟေ့ ထဦး''
''ဟင် ဘာလဲ''
''ထ ခနထဦး ငါ့ကိုယုံလိုက်''
''ဘာလုပ်မလို့လဲ''
''လာ ငါ့ပေါင်ပေါ်မှာခေါင်းအုံးလိုက်''
ပီကပြောရင်းနဲ့မော့ရဲ့ခေါင်းကိုဆွဲယူရင်းသူ့ပေါင်ပေါ်တင်ပေးတယ်''ငါ့ကိုသက်တောင့်သက်သာနားစေချင်တာမလား''
''စကားများမနေနဲ့ မင်းခေါင်းကိုချိုးပစ်လိုက်မယ်''
စကားပြောရင်းနဲ့ပီရဲ့လက်ကခေါင်းကိုချိုးပစ်မယ်လို့စဖို့လက်လှမ်းကိုင်လိုက်တယ်
မော့ကပီရဲ့လှမ်းလာတဲ့လက်ကိုလှမ်းကိုင်လိုက်ရင်း''ဝန်ခံလိုက်ပါ မင်းငါ့ကိုဂရုစိုက်ပါတယ်''
''မဟုတ်ပါဖူး ခုနကမင်းကငါ့ကိုကုန်းပိုးလာပေးလို့ကျေးဇူးပြန်ဆပ်တာ
အေး မင်းအကြွေးတင်မနေချင်ဖူးဆိုရင်တော့ငါခြေထောက်ကိုနှိပ်ပေးလို့ရတယ်နော်''မော့ကပီပြောလိုက်တာနဲ့ချက်ချင်းပဲ ပီရဲ့ခြေထောက်ကိုနှိပ်ပေးနေပြီဖြစ်တယ်
ပီကဘောင်းဘီအိတ်ထဲကလက်ကိုင်ပဝါတစ်ခုကိုထုတ်လိုက်ပြီး မော့ရဲ့နှဖူးကချွေးသီးတွေကိုသုတ်ဖယ်ပေးတယ်
မော့ကပီကိုအံ့သြစွာနဲ့ကြည့်လိုက်တယ်
YOU ARE READING
Fish Upon the Sky
Fanfictionကျွန်တော်နာမည်က ပီ ကျွန်တော်မှာကြိတ်ကြိုက်နေရတဲ့လူတစ်ယောက်ရှိတယ် သူ့နာမည်ကမာနန်း မာနန်းကအရမ်းချော၊ပေါ်ပြူလာဖြစ်ပြီးတော့fanတွေလည်းအများကြီးရှိတယ် ကျွန်တော့လိုပါဝါ၇၀၀လောက်ရှိတဲ့မျက်မှန်ထူကြီးနဲ့သွားထိန်းတပ်ထားတဲ့ကောင်အတွက်တော့မာနန်းကကောင်းကင်ပေါ်ကလက...