ငါတော့ လုံးဝကိုပစ်ထားခံလိုက်ရပြီပဲ
ကုန်သွားတဲ့အအေးဘူးလေးကိုကြည့်ရင်း ပီပြောမိလိုက်တယ်
ပြောမိတဲ့စကားရဲ့နောက်မှာ ချစ်ဖို့ကောင်းတဲ့နာမည်နဲ့မတူပဲနဲ့ ကြမ်းတမ်းလှတဲ့အဖွဲ့ထွက်ပေါ်လာပါပြီပထမဆုံးတစ်ယောက်ကတော့ ယမကာလုလင်
သူကတော့ရောက်တဲ့နေရာတိုင်းမှာပြဿနာရှာတယ်
နာမည်က ကော့, ဒေါသအိုးလို့လည်းခေါ်တယ်ဒုတိယတစ်ယောက်ကတော့ အပြောချိုချိုနဲ့ကောင်မလေးတွေကိုဆွဲဆောင်တတ်တဲ့ ဂမ်နမ်အိုပါး
နာမည်က ရော့
သူ့ရဲ့ဟော့ချက်ကလည်းပြဿနာပါပဲနောက်တစ်ယောက်ကတော့
''မင်းငါ့ကို ဒီလိုပဲစိုက်ကြည့်နေဦးမယ်ဆိုရင် ငါမင်းကိုနမ်းမိလိမ့်မယ် မင်းခြေထောက်တွေမခိုင်တော့တဲ့အထိ''
'' ငါ့ဆီကအနမ်းတွေလိုချင်လား''
''cub................''
'' cut မောင်လေး အမရဲ့ကင်မရာကိုလာမနမ်းနဲ့လေ''
''တောင်းပန်ပါတယ် အမ''
'' မှန်ဘီလူးတွေဝါးကုန်ပြီ''
သူ့နာမည်က ဂျင်, သူကstarတစ်ယောက်ဖြစ်ချင်တာ ဒါပေမယ့်ကံပါမလာဖူးနောက်ဆုံးတစ်ယောက်နာမည်က ဂျိမ်း
တကယ့်ဂိမ်းဂျိုးစစ်စစ်, ကာတွန်းစာအုပ်တွေကိုဖတ်တယ်
သူကစကားသိပ်မပြောဖူး တစ်ခါတစ်လေ လူတွေကသူ့ကိုစကားမပြောတတ်ဖူးလို့တောင်ထင်နေကြတာထိုင်စောင့်နေတဲ့ပီတစ်ယောက်တွေ့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ကြောင်တောင်တောင်ဖြစ်သွားတယ်
သေစမ်း ငါရုပ်ပြဖတ်နေတာလား
သူတို့က ဂျိုဂျိုရဲ့လူသားဗားရှင်းများလား''ငါတို့ကမင်းကိုပြောင်းလဲပေးဖို့ လာခဲ့တာ.....''
ပဥ္စမနှစ်ကျောင်းသားတစ်ယောက်ရဲ့အကြောင်း
ချောက်ခြားစရာအိမ်မက်များ''ဒူရမ် မြန်မြန်လာလေ စောင့်နေတာကြာပြီ''
''မလောပါနဲ့ ငါရောက်တော့မှာပါ အသက်နည်းနည်းလောက်တော့ရှူပါရစေဦး''သေစမ်း အိမ်မက်ထဲအထိတောင်လိုက်ခြောက်နေတယ်
လွန်ခဲ့သောသုံးနာရီက
line chat:
မီ: ဒူရမ်
ဒူရမ်
ဒူရမ်
ဒူရမ်
YOU ARE READING
Fish Upon the Sky
Fanfictionကျွန်တော်နာမည်က ပီ ကျွန်တော်မှာကြိတ်ကြိုက်နေရတဲ့လူတစ်ယောက်ရှိတယ် သူ့နာမည်ကမာနန်း မာနန်းကအရမ်းချော၊ပေါ်ပြူလာဖြစ်ပြီးတော့fanတွေလည်းအများကြီးရှိတယ် ကျွန်တော့လိုပါဝါ၇၀၀လောက်ရှိတဲ့မျက်မှန်ထူကြီးနဲ့သွားထိန်းတပ်ထားတဲ့ကောင်အတွက်တော့မာနန်းကကောင်းကင်ပေါ်ကလက...