ရေချိုးပြီးခါစပီက မခြောက်သေးသောခေါင်းကိုသပတ်ဖြင့်ယူကာသုတ်လိုက်သည်
ပီ၏ကုတင်ပေါ်တွင် ဒီနေ့ဝတ်ခဲ့သောအဝတ်များကအထပ်လိုက်ရှိနေသည်
ပီကဝတ်ပြီးသားအဝတ်များကိုရှင်းလင်းလိုက်သည်
ပီယူလိုက်သောအဝတ်များ၏အောက်တွင် လက်ကိုင်ပဝါလေးတစ်ခုရှိနေလေသည်
ထိုလက်ကိုင်ပဝါလေးသည် ပီဟာမဟုတ်ပါ
ပီကထိုလက်ကိုင်ပဝါလေးကိုကောက်ကိုင်လိုက်သည်
ပီရဲ့ခေါင်းထဲတွင် နေ့လည်ကဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များကတဝဲလည်လည်
ပီကထိုလက်ကိုင်ပဝါလေးကိုကိုင်ရင်း ကုတင်ပေါ်မှာထိုင်လိုက်သည်
ထို့နောက် နေ့လည်ကဆက်သရားပြောသွားသောစကားများကစဥ်းစားစရာမလိုပဲခေါင်းထဲအစီအရီဝင်လာသည်လွန်ခဲ့သောနေ့ဝက်ခန့်က
အပူရှပ်နေခဲ့သော ခပ်မိုက်မိုက်ကောင်လေးပီသည် မြက်ခင်းစိမ်းစိမ်းများပေါ်တွင်ထိုင်နေသည်
ရှားရှားပါးပါးတိုက်ခတ်လာသောလေအေးလေးကတောင် ပီကိုအေးချမ်းမှုမပေးနိုင်သေးပါ
ပီ၏တစ်ကိုယ်လုံးမှာ အပြင်းအထန်လေ့ကျင့်နေသောအားကစားသမားများကဲ့သို့ ချွေးများရွဲစိုနေသည်
သို့သော် ပီဆွဲဆောင်မှုရှိနေဆဲဆိုတာကိုငြင်းမရပါချေရုတ်တရက် ပီ၏လည်ပင်းဆီသို့လက်ကိုင်ပဝါလေးတစ်ခုကိုင်ထားသောလက်တစ်ဖက်က ကျရောက်လာသည်
ပီမကြိုက်သော်လည်း ပြန်ပြောချင်စိတ်ကုန်နေပြီဖြစ်သည်''သက်သာလာပြီလား ပါးတွေကရဲနေတုန်းပဲ''
မော့ရဲ့ပါးစပ်ကပြောနေပေမယ့် လက်ကတော့ ချွေးသုတ်ပေးနေတာမပြတ်ပါချေ''ရော့''
မော့ကအအေးပုလင်းကိုပီကိုကမ်းပေးနေတယ်''သန်မာချင်ယောင်မဆောင်ပါနဲ့ အအေးကိုအေးနေတုန်းသောက်လိုက် သောက်ပြီးရင်လန်းသွားလိမ့်မယ်''
ပီအအေးကိုလှမ်းယူခြင်းမရှိသလို ပြန်လည်းမပြောပါ
မော့က ပြန်မပြောနားမထောင်လုပ်နေတဲ့ပီရဲ့လည်ပင်းနဲ့ရင်ဘတ်ကို အအေးရဲ့အေးစက်မှုနဲ့မိတ်ဆက်ပေးလိုက်တယ်
''မင်းသောက်မှာလား မသောက်ဖူးလား''
ရေဆာနေတဲ့ပီကဒီတစ်ခါမှာဝေခွဲရခက်နေတယ်
ဒါပေမယ့် မော့ကအအေးပုလင်းကိုဖွင့်လိုက်ပြီးတော့ သောက်မယ်ဟန်ပြင်လိုက်တော့မနေနိုင်စွာ ပီရဲ့လက်ကလှမ်းတားဖြစ်တယ်
ပီကအအေးပုလင်းကိုယူလိုက်ပြီး မော့သောက်လိုက်တယ်
YOU ARE READING
Fish Upon the Sky
Fanfictionကျွန်တော်နာမည်က ပီ ကျွန်တော်မှာကြိတ်ကြိုက်နေရတဲ့လူတစ်ယောက်ရှိတယ် သူ့နာမည်ကမာနန်း မာနန်းကအရမ်းချော၊ပေါ်ပြူလာဖြစ်ပြီးတော့fanတွေလည်းအများကြီးရှိတယ် ကျွန်တော့လိုပါဝါ၇၀၀လောက်ရှိတဲ့မျက်မှန်ထူကြီးနဲ့သွားထိန်းတပ်ထားတဲ့ကောင်အတွက်တော့မာနန်းကကောင်းကင်ပေါ်ကလက...