ဆေးပညာဌာန၏ပင်မထွက်ပေါက်ရှေ့တွင် လူသွားလူလာများဖြင့်ရှုပ်နေသည်
ထိုင်းနိုင်ငံ၏ပူပြင်းလှသောနေပူရှိန်ဒဏ်ကို အံတုနေကြသောသစ်ပင်များသည်လည်းခြောက်သွေ့နေသယောင်
busကားမှတ်တိုင်တွင် busကားစောင့်နေသောကျောင်းသားများသည်လည်း သစ်ပင်များနှင့်အပြိုင်ချွေးပြိုင်းပြိုင်းကျနေလေသည်
မော့သည်လည်း busကားမှတ်တိုင်တွင်မှီရပ်ကာbusကားစောင့်နေလေသည်
ဖြစ်ပျက်ခဲ့သောအကြောင်းအရာများကြောင့် စိတ်ပူပန်နေမှုများမှာမော့၏မျက်နှာတွင်ပေါ်လွင်နေသည်''မင်းငါ့ကိုလူပြတ်တစ်ယောက်လိုဖြစ်အောင်လုပ်ရတာပျော်တယ်မလား''
''မင်းဘာတွေပြောနေတာလဲ''
''မင်း ငတုံးလိုလုပ်မနေနဲ့''
''ငါ့ကိုယ်ငါအရှုံးသမားမှန်းသိတယ် ငါကမျက်မှန်တပ်ထားတယ် သွားထိန်းလည်းတပ်ထားတယ်
ဒါပေမယ့် မင်းကငါ့ကိုမာနန်းနဲ့ဓာတ်ပုံတွဲရိုက်ခိုင်းတယ်
အခြားသူတွေအမြင်ကပ်အောင်လို့လေ........''မနေ့ညကအတွက်တောင်းပန်ပါတယ်
''ငါတိုသူငယ်ချင်းတွေဖြစ်နိုင်ပါတယ်ကွာ''
''ငါမင်းနဲ့သူငယ်ချင်းတောင်မဖြစ်ချင်ဖူး''မော့၏စိတ်ထဲတွင်ပီ၏အထင်အမြင်လွဲမှုများကကြီးစိုးထားသည်
ပီအားသူကိုထိုကဲ့သို့မမြင်စေချင်ပါထိုအချိန်တွင်busကားဆိုက်လာပြီးလူများဆင်းလာကြသည်
''သူကအရမ်းမိုက်တာပဲ''
''အဲ့ဒီခပ်မိုက်မိုက်ကောင်လေးကဘယ်သူလဲဟ ဆေးကျောင်းသားလေးလား''
ကောင်မလေးအချို့၏စကားများနှင့်ချီးကျူးသံများကိုလက်ခံရလိုက်သောကောင်လေးသည် မော့၏စိတ်ဝင်စားမှုကိုပါသိမ်းယူလိုက်နိုင်သည်
မော့ကbusကားပြန်မထွက်ခင်ကားပေါ်သို့တတ်နိုင်ရန်အတွက် busကားရှေ့ကိုခပ်မြန်မြန်ပဲသွားလိုက်သည်ခပ်မိုက်မိုက်ကောင်လေးပီကbusကားပေါ်ကဆင်းဖို့ပြင်ပေမယ့်ဆင်းလာတဲ့သူတွေတအားများတာကြောင့် နောက်ကလူတွေကပီကိုတွန်းလိုက်မိသလိုဖြစ်သွားသည်
မော့ကပီသူ့ရှေ့ကိုယိုင်ကျလာတာကိုမြင်တဲ့အတွက်ကြောင့် လှမ်းဖမ်းထားပေးလိုက်တယ်
မျက်မှန်တပ်မထားတဲ့ပီရဲ့အကြည့်တွေကသိပ်လှတာပဲ
YOU ARE READING
Fish Upon the Sky
Fanficကျွန်တော်နာမည်က ပီ ကျွန်တော်မှာကြိတ်ကြိုက်နေရတဲ့လူတစ်ယောက်ရှိတယ် သူ့နာမည်ကမာနန်း မာနန်းကအရမ်းချော၊ပေါ်ပြူလာဖြစ်ပြီးတော့fanတွေလည်းအများကြီးရှိတယ် ကျွန်တော့လိုပါဝါ၇၀၀လောက်ရှိတဲ့မျက်မှန်ထူကြီးနဲ့သွားထိန်းတပ်ထားတဲ့ကောင်အတွက်တော့မာနန်းကကောင်းကင်ပေါ်ကလက...