(4) (Zawgyi)

1.5K 42 0
                                    

ရုံးခန်းတံခါးဖွင့်လိုက်တာနဲ့
မုန့်ပုံကြားထဲမှာ နစ်နေတဲ့ လင်းကို
ဈာန်မီးလျှံ တော်တော်အံ့ဩသွားတယ်
သူသွားတဲ့အချိန်ခနလေးအတွင်းမှာ ဒီကောင်လေးတော်တော်စားနိုင်တာပဲ

"လင်း ကိုယ် ပြန်လာပြီ"

"ကျွန်တော်က ဗိုက်ဝသွားပြီ ဟီးး "

"မ၀ရက်လည်း မင်းက လူမဟုတ်ဘူးနော်
သရေစာတွေအရမ်းစားတာပဲ ကလေးရယ် "

*ဈာန် ပါးစပ်ကလွှတ်ခနဲထွက်သွားမိတဲ့ အသုံးအနှုန်းလေး "ကလေး" တဲ့
ဟိုဘက်က လင်းကတော့ သူပြောသမျှကို သိပ်ပြီးအာရုံရပုံမရဘူး ရေခဲမုန့်ကိုပဲ ပါးစပ်ထဲအပြည့်ထည့်ပြီးစားနေလေရဲ့ *

"လင်း ပြီးရင် ပြန်မယ်နော် "

"အွန်း အွန်း"

ခေါင်းလည်းငြိမ့်ရင်း ပါးစပ်ကလည်း ပလုတ်ပလောင်းနဲ့စားနေတဲ့လင်းဟာ ဈာန်အတွက်တော့ နေ့တိုင်းမြင်နေကျ အစားသရဲလေးတစ်ကောင်လိုပါပဲ

******

"လင်း ထတော့လေ အိမ်ရောက်ပြီ"

"အွန်း အိမ်ရောက်ပြီလား "

"ရောက်ပြီ ထတော့ "

ရုံးကအပြန် ကားလမ်းပိတ်နေတာနဲ့ ဗိုက်ပြည့်နေတဲ့ လင်းအတွက်တော့ အိပ်ပြီးလိုက်လာတာ
အိမ်ရောက်တော့မှပဲ ကိုကို နှိုးမှသိတော့တယ်

"ကိုကို ဒီညစာ ဘာစားကြမလဲ"

"လင်းဘာစားချင်လဲ"

"ကျွန်တော်က ကြက်ကြော်ရယ် ကိုလာရယ်သောက်ချင်တာ ကိုကိုခွင့်မပြုဘူးမလား"

"ခွင့်မပြုတာသိရင်ဘာလို့မေးနေသေးလဲ"

"ဟီး ရမလားလို့ပေါ့ ကိုကိုကလည်း"

"နေ့လည်ကလည်း မုန့်တွေစားပိးပီ အခုတော့ ထမင်းစားတော့ မဟုတ်ရင် မင်းဝတော့မှာမဟုတ်ဘူး"

"ကျွန်တော်ဝလာရင် ကျွန်တော့်ကိုကြိုက်မဲ့လူမရှိပဲနေမှာပေါ့ ကိုကိုရဲ့"

"မင်းကိုကြိုက်မဲ့လူမရှိရင် ကိုကိုကြိုက်မယ် ဟုတ်ပြီလား ကိုယ့်ဘာသာဝအောင်အရင်လုပ်"

"ဟီးဟီး ကိုကိုက သိပ်ရီရတယ်"

တစ်ချို့တော့ နောက်တောက်တောက်စကားတွေက အနာဂတ်မှာ သေချာဖြစ်လာနိုင်တဲ့အခြေခံစကားလေးတွေဆိုရင် ဘယ်လိုလုပ်မလဲ

ကိုကိုဘောစိWhere stories live. Discover now