(7)(Zawgyi)

1.3K 37 1
                                    

ထိုးကိုက်နေတဲ့ခေါင်းကြောင့် သက်တန့်လင်း နိုးလာခဲ့တယ်
အလင်းရောင်လေးကလည်း လိုက်ကာကတစ်ဆင့် အခန်းနံရံပေါ်ကို ကျရောက်နေတယ်

"နိုးပြီးလား လင်း ဘယ်နေသေးလဲ"

"ခေါင်းကိုက်တယ်"

ငိုမဲ့မဲ့နဲ့ပြောနေတဲ့လင်းကြောင့် ဈာန်တစ်ယောက် လန့်သွားရတယ်

"ကိုက်နေသေးတာလား အဲ့ဒါဆို ကိုယ်ဆန်ပြုတ်မှာပေးမယ်နော် ပြီးရင်ဆေးသောက်မယ်"

"ဟုတ်ကိုကို "

*ဟုတ်ကဲ့ခင်ဗျာ အခန်း***ကို ‌ပို့ပေးနော် မြန်မြန်လေးလုပ်ပေးနော် *

"လင်းခနလေးစောင့်နော် လာ ကိုယ်နှိပ်ပေးမယ်"

"ဟုတ် "

သင်းပျံ့တဲ့ရနံ့လေးက ဆွဲဆောင်နေတာကြောင့် ဈာန်မီးလျှံ လင်းမသိအောင် ဆံနွယ်‌ လေးတွေကို အသာလေး နမ်းလိုက်မိတယ်
*မွှေးလိုက်တာ *

လင်းကတော့ မျက်လုံးလေးမှိတ်ပြီး ဇိမ်ခံနေတယ်

"ကိုကို လက်ညောင်းရင်ပြောနော် "

"မညောင်းပါဘူး လင်းရယ် ဒါနဲ့ လင်းညက ကိုယ့်ကိုပြောတဲ့စကားတွေများမှတ်မိသေးလား"

"ဘာစကားတုန်းကိုကို "

"အင်း ဘာမှမဟုတ်တော့ပါဘူး "

မေ့ပျောက်သွားတဲ့လင်းကြောင့် ဈာန်လည်း ထွေထွေ‌ထူးထူး မတွေးတော့ပဲ ထားထားလိုက်တော့တယ် လင်းဖျားပြီး သူ့ကိုယောင်ပြောမိတာနေမှာပါ
အချိန်အတော်ကြာ ခေါင်းကိုနှိပ်ပြီးတဲ့အခါ
တံခါးခေါက်သံကြားလိုက်တယ်

*ဒေါက် *

"ကိုယ်သွားဖွင့်လိုက်အုံးမယ်"

"ဟုတ်"

"လာ ဆန်ပြုတ်သောက်ရအောင် ပြီးရင်ဆေးသောက်ရမယ် ဒီနေ့တော့ ရေထဲမဆင်းရဘူး"

"ဟုတ်ကိုကို"

"ကိုယ်ခွံ့ကျွေးမယ် လာ "

ပါးစပ်လေးဟပြီး အသင့်စားဖို့စားနေ‌တဲ့လင်းကြောင့် ဈာန်တစ်ချက်ရီလိုက်မိတယ်

"ဘာရီတာတုန်း"

"ချစ်ဖို့ကောင်းလို့ လင်းက ကလေးလေးကျနေတာပဲ"

"ကလေးပဲဟာကို"

"တကယ်ကလေးလား"

"ဟုတ်တယ် ကလေး ကိုကိုနော် မြန်မြန်ခွံ့ ဗိုက်ဆာနေပြီ"

"ဟားဟား ဟုတ်ပါပြီကွာ"

တစ်ဇွန်းပြီးတစ်ဇွန်း ခွံ့ပြီးတဲ့နောက်မှာ ပန်းကန်ထဲက ဆန်ပြုတ်လည်း ကုန်သွားတယ်

"ကုန်သွားပြီ လင်းက လိမ္မာလိုက်တာ "

"ဟီး "

"လာဆေးသောက်မယ် "

"ဟုတ် "

ဆေးကိုလည်း မခက်ခဲပြိး တိုက်စရာမလိုတော့ ဈာန်မီးလျှံ ကျေနပ်သွားတယ် ဒီကလေး တယ် လိမ္မာပါလားပေါ့

"ကိုကို သီချင်းဆိုပြ "

"အင်းဆိုပြမယ် "

ဈာန်မီးလျှံလည်း လင်းဘေးနားမှာ ၀င်လှဲလိုက်ပီး လင်းဘက်ကို မျက်နှာ မူပြီး
သီချင်းဆိုပြလိုက်တော့တယ်

*ဒီနှလုံးသား စကားခြွေသူ ချစ်သူ ချစ်ရသူပါ
ရင်ခွင်ထုံးဖွဲ့ ကြိုးသီထား
ဒီအချစ်အတွက် အသက်ဆက်ဆဲ
ယောင်ယမ်းတမ်းတ ထာဝစဉ် အရိပ်လို ချစ်ရသူပါ
ကြင်နာနှောင်ကြိုး ရစ်ပတ်ဆဲ
ရင်မှာအချစ်များ မင်းတစ်ယောက်ပဲ
ချစ်သူရယ် အချစ်အတွက် ထားလို့စေ
အချစ်ရဲ့ ကျေးကျွန်ကိုယ်ပါ အချစ်ရာ
အချစ်အတွက် အရာရာစွန့်ရင်း ချစ်ရသူ
ချစ်သူ အချစ်ရဲ့အလင်းမှာ အမြဲငါပွင့်လန်းမှာ ....*

ကိုကိုကနွေးထွေးလွန်းပါတယ်
ကိုကိုသာ ကျွန်တော့်ချစ်သူ ဖြစ်ခဲ့ရင်ကောင်းမယ်
ဒါပေမဲ့ ကျွန်တော်နောက်ကျသွားပြီမလား ကိုကို
ကိုကို့မှာ သိပ်ချစ်ရတဲ့လူရှိနေတယ်လေ
ဒါပေမဲ့ ကျွန်တော် ကိုကို့ရဲ့ချစ်ရသူနေရာမှာ ခနလောက် နေချင်တယ်
သူပြန်လာရင် ကျွန်တော်ဖယ်ပေးပါ့မယ်

ဈာန်မီးလျှံလည်း လင်းအိပ်နေပြီထင်တာကြောင့်
လင်းကို စောင်လေးသေချာပြန်ခြုံပေးပြီး ၀ရံတာဘက်ကို ထွက်လာခဲ့တယ်
ပင်လယ်လေတွေကို တစ်ဝကြီးရှူပြီး
လင်းအကြောင်းကိုတွေးမိတယ်
လင်းကချစ်ဖို့ကောင်းပါတယ်
လင်းက လိမ္မာတယ် လင်းသာ ကောင်မလေးဆို ကျွန်တော်သူ့ကိုချစ်မိမှာအခုလည်း ချစ်ပါတယ် ညီလေးတစ်ယောက်လိုပေါ့

မတူညီတဲ့ ချစ်ခြင်းတွေနဲ့ ရပ်တည်နေတဲ့ လူနှစ်ယောက်အတွက် ဘယ်လိုနီးစပ်အောင်လုပ်ပေးရမလဲ

To Be continued*****

Feedbackလေးတွေ ပေးကြပါအုံးနော် ❤️❤️

ကိုကိုဘောစိWhere stories live. Discover now