(5)(Unicode)

2.5K 127 5
                                    

ဒီနေ့နဲ့ဆို ဒီကောင်လေး ငူငူငိုင်ငိုင်နဲ့ နေနေတာ တစ်ပတ်ရှိပြီ
ဟိန်းမြတ်ကိုကိုနဲ့ ရုံးခန်းမှာထိပ်တိုက်တွေ့ပြီးထဲက အရင်လို ပြုံးရွှင်မနေတော့ဘူး
အစားလည်း ဟုတ်တိပတ်တိမစားတော့သလို သရေစာလည်း မစားတော့ဘူး
ဘာလို့ဒီလောက်ထိချစ်တတ်ရတာလဲ ကောင်လေးရယ် မင်းဒီလောက်ထိ ချစ်တတ်ခဲ့မယ်မထင်ဘူး

စခေါ်လာထဲက ဒီကောင်လေး က ကလေးစိတ်၀င်နေတဲ့ကောင်လေးတစ်ယောက်လိုပဲ သူ့ချစ်သူအကြောင်းလည်း မပြောသလို ပျော်ပျော်နေနေတော့ အချစ်နဲ့ပတ်သတ်ရင် ပေါ့ပေါ့လေးနေတတ်မယ် ဟိန်းမြတ်ကိုကိုကိုလည်း သူအကိုတစ်ယောက်လိုပဲချစ်တာနေမယ်ဆိုပြိး ကိုယ့်ဘာသာ ကောက်ချက်ချနေခဲ့တာ ရုံးခန်းမှာဖြစ်ပျက်ပြီးမှ ဒီလောက်ထိ ခံစားနေလိမ့်မယ် မ‌ထင်ထားခဲ့ဘူး

မင်းအကြောင်းတွေ ကိုယ်မသိသေးဘူးထင်တယ် သက်တန့်လင်းရယ်

"လင်း ဘာလုပ်နေတာလဲ ကိုယ်လင်းအတွက် မုန့်တွေ၀ယ်လာတယ် "

"ဟုတ်ကျွန်တော် နောက်မှစားမယ် အခုမဆာသေးလို့"

"အင်း ဒါဆို ကိုယ်ရေခဲသေတ္တာထဲထည့်ထားပေးမယ်နော် "

"ဟုတ်"

ကျွန်တော့်ကို ကိုကိုလိုတော့ မခေါ်တာ တစ်ပတ်ရှိပြီ ကိုကိုလို့ခေါ်တိုင်း သူ့ကိုကိုကို သတိရနေလို့များလား ကိုယ့်အတွေးနဲ့ကိုယ်ပြန်နစ်သွားကာ စိတ်မကောင်းဖစ်သွားတယ်

"လင်း တစ်နေရာဖစ်ဖစ် သွားချင်လား "
တိတ်ဆိတ်နေတဲ့ ထမင်းဝိုင်းမှာ ပထမဆုံးမေးခွန်းတစ်ခုမေးပြီး ဖြိုခွင်းလိုက်တဲ့လူက ကျွန်တော်

" သွားလို့ရလား ကိုကိုအားလို့လား"
ကျွန်တော့်ကို ကိုကိုဆိုပြီး သူပြန်ခေါ်ပြီ
ကျွန်တော်လည်း သူ့ကိုသွားလေးတွေပေါ်မတက်ရယ်ပြကာ

"အားတာပေါ့ လင်းဘယ်သွားချင်လဲ ကိုယ်လိုက်ပို့ပေးမယ်လေ"

"ဒါဆို ကျွန်တော် ကမ်းခြေသွားချင်တယ် "

"ဘယ်ကမ်းခြေသွားမလဲ"

"ချောင်းသာ "

"အိုကေ ဒါဆို မနက်ဖြန်သွားမလား"

ကိုကိုဘောစိWhere stories live. Discover now