(8)(Zawgyi)

1.3K 33 0
                                    

ကိုကိုနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက သိပ်ကောင်းလာတယ်
ကိုကို့ဆီမှာ နေတာ တစ်နှစ်ကျော်လာပြီ
အတိအကျပြောရင် တစ်နှစ်နဲ့ ၂လပြည့်တော့မယ်
ကျွန်တော့်ရဲ့၁၈နှစ်ပြည့် မွေးနေ့ရောက်တော့မယ်
ကိုကိုကတော့ မေ့နေမယ်ထင်တယ်

"ဟိတ် ကောင်လေး ဘာတွေစဉ်းစားနေတာလဲ"

"ဟာကိုကို ဘယ်တုန်းက ပြန်ရောက်နေတာလဲ"

"အမယ် ကားသံတောင်မကြားရအောင် ဘာတွေတွေးနေတာတုန်း"

"ကိုကို့အကြောင်းတွေးနေတာ"

"ကိုယ့်အကြောင်းဘာတွေတွေးနေတာတုန်း"

"ကိုကိုက ပိုက်ဆံအရမ်းရှိတဲ့အကြောင်းတွေးနေတာ"

"ဟားဟား ဟုတ်ပါပြီကွာ ကိုယ် ရေချိုးလိုက်အုံးမယ် ပီးရင် ကိုယ် လင်းကိုပြောစရာရှိတယ်"

"ဟုတ် ကိုကို ကျွန်တော်စောင့်နေမယ် "

"အိုကေ"

အပေါ်ထပ်ကို တက်သွားတဲ့ ကျောပြင်လေးကိုကြည့်ပြီး ပြုံးလိုက်မိတယ်
ကိုကိုက ကျောပေးထားတာတောင် အရမ်းချောတယ်

ကိုကို့အတွက် ချက်စရာကျန်တဲ့ ဟင်းလေးကို ဆက်ချက်ပြီး ထမင်းဝိုင်းပြင်ကာ စောင့်နေလိုက်တယ်

တော်တော်နဲ့ဆင်းမလာသေးတဲ့ ကိုကိုကြောင့်
လင်းမှာ အပေါ်တက်ပြီး ကိုကို့အခန်းဆီသွားလိုက်တယ်

*ဒေါက် ဒေါက်*

"ကိုကိုရေ ထမင်းစားလို့ရပီ*

"ကိုယ်လာခဲ့မယ် အောက်မှာစောင့်နေနော် "

"ဟုတ်"

ခနကြာတော့ ကိုကိုဆင်းလာပါပြီ
ဘောင်းဘီအရှည်အပွလေးနဲ့ အက်ျ လက်တိုလေးဝတ်ထားတဲ့ကိုကိုက ‌တစ်မျိုးချောနေပြန်တယ်

"ကိုကိုကလည်း ကြာလိုက်တာ "

"ကိုယ်က အလုပ်ကိစ္စလေးစကားပြောနေလို့ကြာသွားတာ"

"ပီးတာပဲ အဲ့ဒါဆိုလည်း"
လင်းက အရင်လိုမဟုတ်တော့ဘူး
အလိုမကျရင် နှုတ်ခမ်းလေးဆူပြီး စိတ်ကောက်တတ်လာပြီအခုလည်း နှုတ်ခမ်းလေးဆူပြီး စိတ်ကောက်နေပြီ
ဈာန်လည်း လင်းပုံလေးကို ကြည့်ပြီး ပြုံးလိုက်မိတယ်

ကိုကိုဘောစိWhere stories live. Discover now