(6)(Unicode)

2.4K 124 2
                                    

"လင်းရေ ရေထဲကတက်ခဲ့တော့ အရမ်းကြာနေပြီ ဖျားလိမ့်မယ် "

" ဟုတ်ကိုကို ၁၀မိနစ်ပဲ"

၁၀မိနစ် ၁၀မိနစ်နဲ့ ပြောနေတာ နာရီ၀က်ကျော်နေပြီ မရတော့ဘူး ဒီကောင်လေးကတော့လေ

"ဟာ ကိုကို ခနလေးဆော့ချင်သေးလို့"

"ဖျားလိမ့်မယ် လင်းကလည်း မနက်ဖန်မနက်မှထပ်ဆော့မယ်နော်"

"ဟင့်အင်း မရဘူး "

"ကိုကို ဘာလူပ်တာလဲ ပြန်ချပေး "

ပြောလို့မရတော့လည်း လင်းကို ပခုံးပေါ်ထမ်းပြီး အခန်းထဲကိုသာ မ လာလိုက်တော့တယ်

"ကိုကိုနော် လင်းတို့ကို ရည်းစားတွေလို့ထင်ကုန်တော့မှာပဲ"

လင်းစကားကြောင့် ကျွန်တော် တွေဝေသွားမိတယ်
ရည်းစားဆိုတဲ့ပုံစံထင်ရလောက်အောင် ကျွန်တော် သူ့ကို ဆက်ဆံတာ အဲ့လိုဖစ်သွားတာလား ကလေးတစ်ယောက်လိုဆက်ဆံတာကို သူ့ကို အဲ့လိုထင်သွားစေခဲ့တာလား

"ကိုကို ချတော့လေ "
အခန်းရှေ့ ရောက်နေတာတောင် မသိပဲ မတ်တပ်ရပ်နေခဲ့တာ လင်းပြောမှပဲ အသိ၀င်တော့တယ်

"Sorry လင်း ကိုယ်က လင်းကိုဖျားမှာစိုးရိမ်လို့ပါ ရေချိုးတော့နော် ကိုယ်စောင့်နေမယ်"

"ဟုတ်ကိုကို "

*******

"လင်း အရွက်စားလေ "

"စားချင်ဘူး"

" လင်းရာ အရွက်စားမှကျန်းမာမှာပေါ့ "

"မစားချင်ဘူး ကိုကိုနော် ကျွန်တော်မစားချင်တာကိုအတင်းမကျွေးနဲ့ "

"ဟော ကိုယ့်ကို ပြန်အော်နေတာလား သက်တန့်လင်း "

"ဘာဖစ်လဲ အော်တော့ "

"လင်းကို ရေထဲကဆက်ခိုင်းတာ ဖျားမှာစိုးလို့ လင်းကိုအရွက်စားခိုင်းတာ ကျန်းမာအောင်
မင်းအတွက်ပြောနေတာ သက်တန့်လင်း"

တစ်စတစ်စကျယ်လာတဲ့ အသံတွေကြောင့် ကိုကို သူ့ကိုစိတ်ဆိုးနေပြီဆိုတာ သိလိုက်တယ်

"သိပါတယ် ကျွန်တော့်ကိုစိတ်ပူလို့ဆိုတာ "

"...."

ကိုကိုဘောစိWhere stories live. Discover now