ကိုကိုရယ် မေမေရယ် ကိုကြီးဈာန်ဘုန်းလျှံ ရယ် ကျွန်တော်ရယ် ၄ယောက် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ထွက်လာခဲ့ကြတယ်
"ကိုကို ကျွန်တော်တို့ ဟိုရောက်ရင် Zooသွားမယ်နော် ပြီးရင် Merlion Park လည်းသွားမယ် ပြီးရင် ...."
"ဟားဟား လင်းကတော့ကွာ ကလေးကျနေတာပဲ"
တဟားဟား ရီကာ ကိုကို့လက်တစ်ဖက်က
ကျွန်ဝောာ့် ခေါင်းလေးပေါ်ရောက်လာတယ်ဟုတ်ပါတယ် ကျွန်တော်တော်ဝောာ် ကလေးဆန်မိနေတာပဲနော်
ကိုကိုနဲ့တွေ့မှ ကလေးဆန်မိတယ်
လိုချင်တာတွေ ဖြစ်ချင်တာတွေ ပူဆာတတ်လာတယ် လောကဓံကို အံတုပြီး ကိုယ့်ဒူးကိုယ်ချွန်လာခဲ့တဲ့လူတစ်ယောက်အနေနဲ့တော့ ဒီလို ကလေးဆန်မိတာက ပထမဆုံး အကြိမ်ပါပဲ" သားက အဲ့လိုကလေးဆန်တာကိုပဲ သဘောကျနေတာမလား "
"ဟာ မေမေကလည်း လင်းနဲ့ကျွန်တော့်ကို စတာ ဒီတစ်သက် ပြီးအုံးမှာလား"
"ဟားဟား စတာမဟုတ်ဘူး ငါ့သားရဲ့ အတည်ပြောနေတာ မေမေတော့လင်းကို သဘောကျတယ် "
"ဟာ မေမေရာ အရမ်းပွင့်လင်းလွန်းနေတယ် ဘေးမှာ လင်းရှိတာကို"
"ဘာဖြစ်လဲ လင်းရေ သားကော သားကိုကိုကို သဘောကျတယ်မလား "
"ဟီး မေမေကလည်း ဘာတွေမေးနေတာလဲ "
"တွေ့လား လင်းရှက်နေပိ မေမေရာ လင်းကိုမစနဲ့တော့နဲ့ "
"ဟားဟား ....."
ကိုကြီးဈာန်ဘုန်းလျှံနဲ့ မေမေနဲ့က ရီနေကြပေမဲ့ ကျွန်တော်နဲ့ကိုကိုတို့ကတော့ မျက်နှာတွေ ပူရှိန်းပူရှိန်းဖြစ်ပီး ပြတင်းပေါက်ဘက်ကိုသာ မျက်နှာလှည့်ထား ခဲ့ကြတယ်
*****
ကိုကိုနဲ့ကျွန်တော်က တူတူထိုင်တယ် မေမေနဲ့ ကိုကြီး ဈာန်ဘုန်းလျှံနဲ့က တူတူထိုင်တယ်ကိုကိုက ကျွန်တော့်ကိုတော်တော် ဂရုစိုက်ရှာပါတယ် လေယာဉ်ပေါ်ရောက်ထဲက အဲကွန်းကအရမ်းအေးနေလား စောင်ခြုံထားနော်
ဗိုက်ဆာပီလား ရေသောက်ချင်လား
Lavatory သွားချင်လား နဲ့ တစ်ခုပိးတစ်ခု မေးနေတော့တာပဲ
YOU ARE READING
ကိုကိုဘောစိ
Romance*Unicode* ကျွန်တော်ကကိုကို့ရဲ့ ကလေးဆိုးလေး #သက်တန့်လင်း ဒါဆိုကိုကိုက မင်းကိုထိန်းမဲ့ ကလေးထိန်းပေါ့ #ဈာန်မီးလျှံ *Zawgyi* ကျွန်တော်ကကိုကို့ရဲ့ ကလေးဆိုးလေး #သက်တန့်လင်း ဒါဆိုကိုကိုက မင်းကိုထိန်းမဲ့ ကလေးထိန်းပေါ့ #ဈာန်မီးလျှံ