သက်တန်းလည်း ဒီအတိုင်းနေလို့မရတာနဲ့
ဗီဒိုထဲမှာရှိတဲ့ အက်ျတစ်ထည်ကို ကောက်ဝတ်လိုက်ရင်း ထမင်းစားခန်းထဲကို ဆင်းသွားလိုက်တယ်" လူကြီး စားနေပြီလားဗျ ကျွန်တော့်တောင်မစောင့်ဘူး"
"မင်းက တော်တော်နဲ့မှမပြီးတာကို "
"ဒါနဲ့လူကြီး ကျွန်တော့်ကို ကောင်လေး လို့မခေါ်ပါနဲ့လား ကျွန်တော့်နာမည် သက်တန့်လင်း"
"ဒါဆို လင်းလို့ခေါ်မယ် မင်းလည်း ကိုယ့်ကိုလူကြီးလို့မခေါ်နဲ့
"ဒါဆိုဘယ်လိုခေါ်ရမလဲ အမ်..... ကိုဈာန် ကိုမီး ကိုလျှံ
လူကြီးမှာ ညီရှိလား ""ရှိတယ်လေ "
"လူကြီးညီက လူကြီးကို ဘယ်လိုခေါ်လဲ"
" ကိုကို လို့ခေါ်တယ် "
"ဒါဆို ကျွန်တော်လည်း ကိုကိုလို့ခေါ်မယ်"
"သဘောဗျာ "
"ကိုကို့မှာ ဆွေမျိုးသားချင်းရှိလား မိဘတွေကော"
"ကိုယ့်မိဘတွေက စင်ကာပူမှာနေတယ်
ညီလေးကတော့ ကိုရီးယားမှာကျောင်းတက်နေတယ် ""ဒါဆို ကိုကို့မှာချစ်ရတဲ့လူကောရှိလား"
"အင်းရှိတယ် သူဒီနေ့ကိုယ့်ဆီဖုန်းဆက်တယ် သူပြန်လာတော့မယ်တဲ့"
"သူက ဘယ်သွားတာမို့လို့လဲ"
"သူက ကိုရီးယားသွားတာ "
"ကိုကို့ကို သူကထားသွားခဲ့တာပေါ့ "
"အင်း ဟုတ်တယ် ကဲ တော်တော် စပ်စုတဲ့ လင်းပါလား စားတော့ ပြီးရင်အိပ်ကြမယ်"
"ဟမ် အိပ်ကြမယ်"
မျက်လုံးပြူး မျက်စံပြူးရှိနေတဲ့ လင်းကြောင့် ဈာန်လည်း စချင်လာတာနဲ့"အင်းလေ အိပ်ရမယ်လေ"
"ကျွန်တော်က ဘယ်မှာအိပ်ရမှာလဲ"
"မင်းမနက်က အိပ်နေတဲ့အခန်းမှာပဲလေ "
"အဲ့ဒါ ကိုကို့အခန်းမဟုတ်ဘူးလား ဒါဆိုကိုကိုကဘယ်မှာအိပ်မှာတုန်း"
"ဟုတ်တယ်လေ ကိုကို့အခန်း လင်းနဲ့အတူ ကိုကိုကအိပ်မှာလေ "
YOU ARE READING
ကိုကိုဘောစိ
Romansa*Unicode* ကျွန်တော်ကကိုကို့ရဲ့ ကလေးဆိုးလေး #သက်တန့်လင်း ဒါဆိုကိုကိုက မင်းကိုထိန်းမဲ့ ကလေးထိန်းပေါ့ #ဈာန်မီးလျှံ *Zawgyi* ကျွန်တော်ကကိုကို့ရဲ့ ကလေးဆိုးလေး #သက်တန့်လင်း ဒါဆိုကိုကိုက မင်းကိုထိန်းမဲ့ ကလေးထိန်းပေါ့ #ဈာန်မီးလျှံ