အဆစ်ပေးချင်ခဲ့တဲ့ ဧည့်သည်

342 25 4
                                    

မွန်းကြပ်လိုက်တာ...။

အသက်ရှင်ခဲ့တဲ့ အတိတ်နေ့ရက်တိုင်းမှာ မြိုသိပ်ခဲ့ရတာကိုမှ မစာမနာ ရှေ့ဆက်ရမယ့် အနာဂတ်တွေကိုပါ မျက်နှာဖုံးတပ်ပြီး ရှင်သန်သွားရဖို့ စီစဉ်နေကြတယ်။ မတရားလိုက်ကြတာ။

"ဟ..."

အတွေးတွေ လွန်ပြီး ရုတ်တရက် ထွက်သွားတဲ့ သက်ပြင်းချသံကို တခြားသူတွေ မသိလိုက်ပေမဲ့ သူနဲ့ မျက်နှာချင်းဆိုင် ထိုင်နေတဲ့ သတို့သမီးလောင်းကတော့ သူ့မျက်နှာကို ဂရုတစိုက်ကြည့်လာတယ်။ ဒါကို သူ သတိထားမိတော့ ခပ်အေးအေး အပြုံးတစ်ပွင့်နဲ့သာ ဘာမှမဖြစ်ကြောင်း အချက်ပြလိုက်တယ်။ သူ့ရဲ့ တုံ့ပြန်အပြုံးကြောင့် ထင်ပါရဲ့ အမျိုးသမီးက ဝိုင်ခွက်ကို ကိုင်ကာ ခွက်ချင်းတိုက်ဖို့ ထိုးပေးလာလေတယ်။ စိတ်ထဲမှာ ရူးလောက်အောင် မွန်းကြပ်နေပေမဲ့လည်း သူ လိမ်ညာလက်ထပ်မယ့် ဒီအမျိုးသမီးအပေါ်တော့ အတတ်နိုင်ဆုံး လေးစားသင့်တယ်လို့ ခံယူတာကြောင့် ဝိုင်ခွက်ချင်း အလိုက်သင့် တိုက်ပေးလိုက်တယ်။

အမျိုးသမီးကတော့ အလှမပျက်အောင် အနည်းငယ်သာ မော့ပေမဲ့ ဒီစေ့စပ်ပွဲကို မျက်နှာဖုံးစွပ်ပြီး ဖြတ်သန်းနေရမဲ့အစား မူးမူးနဲ့ အချိန်ကုန်သွားလည်း အေးတာပဲလို့ တွေးမိတဲ့ သူကတော့ တစ်ခွက်လုံး မော့ချပစ်လိုက်ပါတယ်။

ဒါပေမဲ့ ခက်ကတာ သူက တော်ရုံသောက်ရုံနဲ့ မမူးတတ်တဲ့ Yang Yu Teng ဖြစ်နေတာပါပဲ။

#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#

ကုတင်ခြေရင်းမှာ ထိုင်နေတဲ့ YU က စေ့စပ်ပွဲက လက်ကျန် ဝိုင်တစ်ပုလင်းကို အခန်းထဲထိ မ,လာပြီး သောက်နေတယ်။ ရီဝေဝေ ဖြစ်‌နေတဲ့ YU က အပေါ်ဝတ် ကုတ်အင်္ကျီကို စေ့စပ်ပွဲပြီးကတည်းက ချွတ်ပစ်ထားပြီး မလဲရသေးတဲ့ ရှပ်အင်္ကျီအနက်ကိုတော့ ကြယ်သီးသုံးလုံးလောက်ဖြုတ်ပြီး ရင်ဘတ်ဟထားတယ်။ ပူလောင်နေတဲ့ ရင်ဘတ်ကြီး သက်သာလို သက်သာငြားပေါ့။

ဒါပေမဲ့ သောကတွေကတော့ ထင်သလို မသက်သာခဲ့။ သူ့အဖေရဲ့ မညှာတာမှု‌တွေကို တစိမ့်စိမ့်တွေးရင်း ပူလောင်နေဆဲပဲ။ သူ့ရဲ့ စိတ်ကို သိရက်နဲ့ အတ္တသိပ်ကြီးတဲ့ ဖခင်က မသိချင်ယောင် ဆောင်နေခဲ့တယ်။ သိသလိုများ နေပြခဲ့ရင် သူ့အပေါ် ငဲ့ညာ‌ပေးနေရမှာစိုးလို့လား။ သူ့ရဲ့ ဖြစ်တည်မှုကို လက်ခံပေးနေရမှာစိုးလို့လား။ မျိုးရိုး‌ဂုဏ်တွေ ပကာသနတွေကြောင့် လက်သင့်မခံပေးနိုင်တာကို နားလည်ပေးပြီး နှစ်နှစ်ဆယ်ကျော် ကိုယ့်ကိုယ်ကိုယ်ရော ပတ်ဝန်းကျင်ကိုရော လိမ်ညာနေလာခဲ့ပြီးပြီပဲ။ အခုလို တစ်သက်လုံး ချုပ်နှောင်ဖို့ မဖြစ်မနေ အစီအစဉ်ဆွဲစရာလိုလို့လား။ တစ်သက်လုံး လွတ်မြောက်ခွင့် မပေးဖို့ ကြံစည်ထားတာလား။ အားးးး။

The Flame in the DarknessWhere stories live. Discover now