ကုစားပေးတဲ့ ဧည့်သည်

159 16 8
                                    

ထိုအချိန် ဘေစင်နားကို ရုတ်တရက် ဝင်လာတဲ့ ကောင်လေး။

မျက်လုံးချင်း စုံသွားတဲ့အခါ Lin Zi Hong မသိမသာ မျှော်လင့်မိပါတယ်။ ဟိုတယ်ရဲ့ Lobby လိုနေရာမှာ သူ့အသိတွေနဲ့၊ လက်တွဲထားတဲ့ မိန်းကလေးနဲ့ အတူရှိစဉ်က သူ့ကို မသိချင်ယောင်ဆောင်သွားတဲ့ ကောင်လေးက ဒီလို နှစ်ယောက်တည်း ရှိတဲ့ သန့်စင်ခန်းထဲမှာဆိုရင်ရော သူ့ကို အသိအမှတ်ပြုလေမလား။

စက္ကန့်ပိုင်းလောက် မျက်လုံးချင်းဆုံပေမဲ့ မသိချင်ယောင်ဆောင်ကာ မျက်လုံးလွှဲသွားတဲ့ ကောင်လေးက ဘေးချင်းကပ် ဘေစင်မှာပဲ ကော်ဖီတွေ စွန်းလာတဲ့ သူ့လက်ကိုပဲ ငုံ့ဆေးနေပါတယ်။

ရင်ထဲ စူးခနဲ ဖြစ်သွားတဲ့ Lin Zi Hong က လက်ငုံ့ဆေးနေတဲ့ ကောင်လေးကို မှန်ထဲက တစ်ဆင့်ကြည့်ပြီး ပြုံးလိုက်ပါတယ်။ သေချာတော့ ခပ်ရွဲ့ရွဲ့အပြုံးမျိုးပေါ့။

ဟုတ်ပါတယ်လေ။ အခုတွေ့ရတဲ့ ကောင်လေးက သူ့တွေ့ဖူးတဲ့ ကောင်လေးနဲ့ တစ်ယောက်တည်းဆိုတာ မျက်လုံးထောင့်က မှဲ့လေးက သက်သေဆိုပေမဲ့ ပုံစံကတော့ တခြားစီဆိုတာ သူသိနေတာပဲ။ သူ့ဘေးမှာရှိနေတဲ့ ဒီကောင်လေးက အနောက်တိုင်းဝတ်စုံအပြည့်နဲ့ အရှိန်အဝါတွေနဲ့ ခမ်းနားနေတဲ့ ကောင်လေးပဲ။ သူ့အရှိန်အဝါနဲ့ သူ့အဆင့်အတန်းနဲ့ ရှိနေတဲ့ ကောင်လေးရဲ့ အမှောင်အကန့်‌လေး တစ်ကန့်စာလောက်မှာသာ ပါဝင်ခဲ့ရတဲ့ သူ့ကို ကောင်လေးက အဖက်လုပ်ပြီး ခေါ်နေမတဲ့လား။ စိတ်ကူးယဉ်လိုက်တာ Lin Zi Hong ရယ်။

"ဟ...ဟား..."

ကောင်လေး ကြားလောက်အောင် Lin Zi Hong တစ်ချက် ရယ်ပြီး သန့်စင်ခန်းထဲက ကျောခိုင်းထွက်ခွာလာခဲ့တယ်။

#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#

Lin Zi Hong ကျောခိုင်းသွားတာနဲ့ မှန်ထဲက တစ်ဆင့် လှမ်းမြင်ရတဲ့ ကျောပြင်ကို YU လှမ်းကြည့်လိုက်တယ်။ အပြုံးသွားတဲ့ မဲ့ပြုံးကိုလည်း သူ သိတယ်။ ရယ်သွားတဲ့ ရယ်သံကိုလည်း သူနားလည်တယ်။ ကော်ဖီပေသွားတဲ့ သူ့လက်တွေ ပြောင်သွားပြီလို့ ထင်တဲ့အခါ သူ့ကိုယ်သူ မှန်ထဲ သေချာကြည့်ပြီး သက်ပြင်းချလိုက်တယ်။ အတွေးများပြီး ကော်ဖီတွေ မှောက်ကုန်တာ ဘယ်သူ့ကြောင့်လဲ။ Lobby မှာ မျက်လုံးချင်း စုံခဲ့တဲ့ ဒီလူကြောင့်ပဲလေ။

The Flame in the DarknessTahanan ng mga kuwento. Tumuklas ngayon