တိုးယိုပေါက် မြင်နေရတဲ့ ညရှူခင်းကို နောက်ခံထားပြီး ကောင်လေးရဲ့ စိုအိနေတဲ့ နှုတ်ခမ်းလေးတွေကို သူ အညင်သာဆုံး စုပ်ယူနေမိတယ်။သူ့နှုတ်ခမ်းတွေကို ပြန်လည်စုပ်ယူနေတဲ့ ကောင်လေးရဲ့ အနမ်းတွေကလည်း ဟန်ချက်ညီစွာ လိုက်ပါစီးမြောနေတယ်။ တစ်ခါတရံ နှာခေါင်းထိပ်ဖျားချင်း ရှပ်တိုက်မိကြပြီး အသက်ရူသံတွေကိုလည်း အပြန်အလှန်ကြားနေရတယ်။ နူးညံ့တဲ့ နှုတ်ခမ်းလှုပ်ရှားမှု အထိအတွေ့တွေကိုသာ အာရုံစိုက်ထားနိုင်ဖို့ မျက်လုံးတွေကို မှိတ်ထားမိကြတယ်။
အနမ်းတွေ ဂဟေဆက်ရင်း ရှေ့တိုးလာတဲ့ Lin Zi Hong ရဲ့ ခြေလှမ်းတွေကြောင့် အလိုက်အထိုက် နောက်ဆုတ်သွားတဲ့ ကောင်လေးရဲ့ ခြေလှမ်းတွေက ကျောဘက်မှာ ခံနေတဲ့ မှန်နံရံကြောင့် ရပ်တံ့သွားတယ်။ မှန်နံရံနဲ့ ကျောပြင် ကပ်သွားတဲ့ ကောင်လေးကို အနမ်းတွေ ခဏ ရပ်ပြီး Lin Zi Hong မျက်လုံး ဖွင့်ကြည့်မိတယ်။ သူတို့ နှစ်ယောက်ရဲ့ အကွာအဝေးက နှာခေါင်းထိပ်ချင်း ထိစပ်လုနီးပါး ဖြစ်နေပြီး ကောင်လေးကလည်း သူ့ကို ပြန်ကြည့်နေတယ်။
လှလိုက်တဲ့ မျက်ဝန်းတွေ။ ဒီမျက်ဝန်းတွေထဲက သူ့ကို ကြည့်နေတဲ့ အကြည့်က နားလည်ရခက်လွန်းတယ်။ ဆွေးမြေ့နေသလိုလို၊ ကျေနပ်နေသလိုလို ခံစားရတဲ့ မျက်ဝန်းတွေထဲ အမုန်းတွေနဲ့ မနှစ်မြို့ချင်းတွေတော့ မပါတာ ကျိန်းသေတယ်။
ဒီလိုနည်းနဲ့ အကြည့်တွေနဲ့ ကြည့်နေတဲ့ ကောင်လေးကို သူတော့ စကားကျွံချင်နေပြီ။ ဒါပေမဲ့ ကောင်လေးထပ်မံ စိတ်ခုသွားမှာကို စိုးရိမ်နေတဲ့အတွက် သူ့ရဲ့ နှုတ်ခမ်းဖျားတွေကို ထိန်းချုပ်လိုက်ဖို့ ကောင်လေးရဲ့နဖူးကိုသာ ဖွဖွလေး နမ်းလိုက်တယ်။
မြိုသိပ်ရင်း စိုက်ကြည့်နေမိတဲ့ သူ့ရဲ့ ပါးပြင်နှစ်ဖက်ကို အုပ်ကိုင်လာတဲ့ ကောင်လေးက သူတို့ကြားထဲက မကွာတော့တဲ့အကွာအဝေးကို ဖျောက်ပစ်ပြီး အနမ်းတွေ ထပ်မံ အစပျိုးလိုက်တယ်။
အနမ်းတွေက အရှိန်ပါသထက် ပါလာတော့ ကောင်လေးရဲ့ လက်တွေက သူ့ရဲ့ ခါးကို ပိုနီးကပ်အောင် ဆောင့်ဆွဲလာတယ်။ နမ်းနေရင်း ရုတ်တရက် အဆွဲခံလိုက်ရတာကြောင့် ဟန်ချက်မပျက်အောင် မှန်နံရံကို လက်ဝါးနဲ့ ထောက်ထားလိုက်ရတယ်။ ကြားလေဝင်လို့ မရအောင် နီးကပ်နေတဲ့ သူတို့ရဲ့ ရင်ဘတ်ထဲက ရင်ခုန်သံတွေကို နှစ်ယောက်လုံး အတိုင်းသား ကြားနေရတယ်။
BINABASA MO ANG
The Flame in the Darkness
Fanfiction"မင်း မျက်ရည်တွေကို ဖုံးကွယ်ဖို့ ကိုယ့် ရင်ခွင်ကို ပေးသုံးချင်တယ်" "ငါ့ မျက်ရည်တွေကို ဖုံးကွယ်ဖို့ မင်း ရင်ခွင်ကို ခဏတော့ သုံးမယ်" ‼️ဒီ fic က မှောင်မဲနေတဲ့ ခံစားချက်နဲ့ ရေးထားတာဖြစ်လို့ ဇာတ်လမ်းက အရိုင်းဆန်ပြီး Mature Content ဖြစ်ပါတယ်။ + အခန်းတွေ မ...