နှုတ်ဆက်ချင်ခဲ့တဲ့ ဧည့်သည်

155 20 0
                                    


"အာ..."

ညည်းသံ သဲ့သဲ့နဲ့အတူ သူ့ရဲ့လက်မောင်းနှစ်ဖက်ကို ကုတ်ခြစ်လာတဲ့ ကောင်လေး။

သူ့ခါးရဲ့ စည်းချက်ကျတဲ့ လှုပ်ရှားမှုတိုင်းမှာ မျက်လုံးလေး စင်းရင်း ကော့တက်လာတဲ့ ကောင်လေး။

ရင်ဘတ်ဖွေးဖွေးပေါ်က ပန်းချယ်ရီသီးလေးတွေကို သွားထိပ်နဲ့ ငုံခဲလိုက်တိုင်း သူဆံပင်တွေကို ထိုးဖွလာတတ်တဲ့ ကောင်လေး။

တစ်ချက် တစ်ချက် သူ့ရင်အုပ်ကို ညှစ်ကိုင်လာတဲ့ ကောင်လေးရဲ့ လက်ချောင်းဖူးဖူးတွေ။

သူ့ပခုံးပေါ် ထမ်းထားခဲ့တဲ့ ကောင်လေးရဲ့ ပေါင်တံဖွေးဖွေးတွေ။

သူ အမှတ်သားတွေ ထားခဲ့တဲ့ ကောင်လေးရဲ့ လည်တိုင် ဖွေးဖွေး။

သူ့အနမ်း‌တွေကို တရှိုက်မက်မက် တုန့်ပြန်ခဲ့တဲ့ ကောင်လေးရဲ့ နှုတ်ခမ်းအိအိတွေ။

စသဖြင့်... စသဖြင့်တွေက ရေစက်တွေ ပျိုးပျိုးပြောက်ပြောက် ကျနေတဲ့ ရေဗန်းအောက်က Lin Zi Hong ရဲ့ အတွေးထဲ ဇာတ်ဝင်ခန်းပြကွက်တွေလို တစ်ကွက်ပြီး တစ်ကွက် ပြန်ပေါ်လာတယ်။ ဘယ်ဧည့်သည်ကိုမှ စမြုံမ‌ပြန်ဖူးတဲ့ သူ့အတွက် ဒါဟာ ထူးဆန်းတဲ့ကိစ္စပဲ။

ဒီမဖြစ်စဖူး ပြန်လည်ထပ်ဟပ်လာတဲ့ ပုံရိပ်တွေကြောင့် တင်းမာမှုက ပြန်လည်ဆန္ဒပြလာတဲ့အခါပုံရိပ်တွေရဲ့ ပ်ိုင်ရှင်ကောင်လေးကဖြင့် မွေ့ယာပေါ်က စောင်ပုံထဲမှာ မောမောနဲ့ အိပ်ပျော်နေရှာပြီ။ ကောင်လေးရဲ့ ဆန္ဒကိုသာ သူက ဖြည့်ဆည်းပေးဖို့ ဝတ္တရားရှိပေမဲ့ သူ့ရဲ့ ဆန္ဒကိုတော့ ကောင်လေးက ဖြည့်ဆည်းပေးဖို့ တာဝန်မရှိခဲ့တော့ သူ့ကိုယ်သူသာ အားကိုးရာက အကောင်းဆုံးပဲပေါ့။ ရေချိုးခန်းနံရံကို လက်တစ်ဖက်နဲ့ အားပြုရင်း ကျန်လက်တစ်ဖက်နဲ့ တစ်ယောက်တည်း ကြိတ်ကာ ဖြေရှင်းလိုက်ရတယ်။ ဒါကိုတော့ စောင်ပုံထဲက အိပ်မောကျနေတဲ့ ကောင်လေး သိပါ့မလား။

#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#

အဝတ်အစား ပြန်ဝတ်ပြီး ပြန်ဖို့ အဆင်သင့်ဖြစ်နေတဲ့ Lin Zi Hong က စောင်ပုံထဲက ကောင်လေးကို တစ်ချက်တော့ ငဲ့ကြည့်လိုက်တယ်။ တကယ်တော့ ဒီညအတွက် ချိတ်ပေးတဲ့ တခြားတစ်ယောက်က ပိုက်ဆံပါ ရှင်းသွားခဲ့တာမို့ ‌သူနဲ့ ကောင်လေးကြားမှာ အထူးအထွေ ပြောစရာတော့ ဘာမရှိပါဘူး။ ဒါပေမဲ့ ဘာလို့ ပြန်စရာရှိတာ မပြန်ပဲ ဒီကောင်လေးကို လှည့်ကြည့်မိတာလဲ။ အဖြေမရှိ။ ‌ဒီတစ်ညတာ ဆုံရတဲ့ ဒီကောင်လေးကို ဒီတိုင်းပဲ ကြည့်သွားချင်လို့ပါ။

The Flame in the DarknessDonde viven las historias. Descúbrelo ahora