အခန်းနံပါတ် 1003။
လွန်ခဲ့တဲ့ တစ်ပတ်က ကောင်လေးနဲ့ ဆုံခဲ့တဲ့ အခန်းနံပါတ် 1003 ရှေ့ကို သူ့ရောက်နေပြန်ပြီ။ ထပ်တွေ့စရာ မလိုတော့ဘူးလို့ ထင်ခဲ့တဲ့ ကောင်လေးက ဒီညလည်း သူ့ကို ဒီအခန်းထဲမှာ စောင့်နေဦးမှာတဲ့။
တစ်ခါဆုံဖူးတဲ့ ဧည့်သည်နဲ့ နောက်တစ်ခါပြန်ဆုံရတာ ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပေမဲ့ ဒီကောင်လေးနဲ့ ပြန်ဆုံရမယ်ဆိုတာ သိရကတည်းက မသိမသာ စိတ်လှုပ်ရှားနေမိတဲ့ သူကတော့ ထူးဆန်းနေပါတယ်။ ပုံမှန်အတိုင်း အခန်းတံခါးကို ဖွင့်ပြီး ဇတ်ခနဲ ဝင်သွားဖို့တောင် အနည်းငယ် ရင်ခုန်နေတယ်။ သူဝင်သွားတဲ့အခါ ဒီညရော ကောင်လေးက ငေးငိုင်နေဦးမှာလား။
#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#
တံခါးဖွင့် ဝင်ပြီး လျှောက်လမ်း နံရံဆုံးတာနဲ့ ရုတ်တရက် ဆောင့်တွန်းခံလိုက်ရတဲ့ အရှိန်ကြောင့် Lin Zi Hong နံရံကို ကျောမှီလိုက်ရတယ်။ သူ့ကို ဆောင့်တွန်းလိုက်တဲ့ ကောင်လေးက နားလည်ရခက်တဲ့အကြည့်တွေနဲ့ သူ့နားကို တဖြည်းဖြည်း ချည်းကပ်လာတာကို ကြောင်ငေးပြီး ကြည့်နေမိတယ်။ အနားကပ်လာပြီး သူ့ မေးရိုးနှစ်ဖက်ကို ဖမ်းကိုင်လိုက်တဲ့ ကောင်လေးက မျက်လုံးကို စုံမှိတ်ပြီး သူ့အပေါ်နှုတ်ခမ်းကို စုပ်ယူလိုက်တယ်။ ပြီးတော့ အောက်နှုတ်ခမ်းတစ်လှည့် စုပ်ယူပြန်တယ်။
ကောင်လေးရဲ့ နှုတ်ခမ်းတွေ အလိုက်သင့်ပြန်လည်း စုပ်ယူပေးတဲ့အခါမှာတော့ ကောင်လေးရဲ့ လက်တွေက သူ့ရဲ့ အင်္ကျီ ကြယ်သီးတွေကို တစ်လုံးစီ ဆွဲဖြုတ်လာတယ်။ နှစ်လုံးလောက် ဖြုတ်ပြီး ရင်ဘတ်အနည်းငယ် ဟသွားတဲ့အခါမှာတော့ ကောင်လေးရဲ့ နှုတ်ခမ်းတွေက Lin Zi Hong လည်တိုင်တလျှောက် ဦးတည်ကာ ဖိကပ်စုပ်နမ်းကာ စုန်ဆင်းသွားပြန်တယ်။
ပထမတစ်ခေါက်နဲ့ ဆန့်ကျင်ဘက် ဒီညတော့ ငေးငိုင်နေတဲ့ ကောင်လေးအစား စ,ဝင်လာကတည်းက တက်ကြွနေတဲ့ ကောင်လေးကို တွေ့ရတာပဲ။ အလောတကြီး အစပျိုးနေတဲ့ ကောင်လေးရဲ့ ပခုံးကို ပြန်ကိုင်ထားတာလွဲရင် ဘာမှမတုန့်ပြန်သေးပဲ ကောင်လေး စိတ်တိုင်းကျ ခြယ်လှယ်သမျှကို ငြိမ်ခံနေလိုက်တယ်။ ပြီးတော့
ဒီနေ့ ကောင်လေးက bathrobe အဖြူလေးတစ်ထည်သာ ဝတ်ထားတဲ့အပြင် လျောကျနေတဲ့ ပခုံးနဲ့ ရင်ဘတ်ဖွေးဖွေးတစ်ခြမ်းက အတိုင်းသား ပေါ်နေသေးတယ်။ ဒါဟာ အရမ်းအသင့်ဖြစ်နေပြီဆိုတာကို သက်သေပြနေသလိုပါပဲ။
![](https://img.wattpad.com/cover/283186091-288-k143778.jpg)
YOU ARE READING
The Flame in the Darkness
Fanfiction"မင်း မျက်ရည်တွေကို ဖုံးကွယ်ဖို့ ကိုယ့် ရင်ခွင်ကို ပေးသုံးချင်တယ်" "ငါ့ မျက်ရည်တွေကို ဖုံးကွယ်ဖို့ မင်း ရင်ခွင်ကို ခဏတော့ သုံးမယ်" ‼️ဒီ fic က မှောင်မဲနေတဲ့ ခံစားချက်နဲ့ ရေးထားတာဖြစ်လို့ ဇာတ်လမ်းက အရိုင်းဆန်ပြီး Mature Content ဖြစ်ပါတယ်။ + အခန်းတွေ မ...