Yang Yu Teng လို့ ခေါ်တဲ့ ကောင်လေး

244 17 10
                                    

"ကောင်လေး..."

မျက်စိရှေ့မှာ မြင်လိုက်ရတဲ့ ကောင်လေးနဲ့ သူရဲ့ သတို့သမီး။ ဘတ်စ်ကားပေါ်က လှမ်းမြင်လိုက်ရတာဆိုပေမဲ့ ကောင်လေးဆိုတာ ‌သေချာတယ်။ ဘတ်စ်ကားပေါ်က ချက်ချင်းဆင်းချင်ပေမဲ့ သူ့ကိုယ်ပိုင်ကား မဟုတ်တော့ ယာဉ်မောင်းက ရပ်မပေးဘူး။ လူက ကဏာမငြိမ်ဖြစ်သွားပေမဲ့ နောက်တစ်မှတ်တိုင်တော့ စောင့်ရမှာပဲ။

#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#

မင်္ဂလာဆောင်ကို တက်တဲ့ ဧည့်သည်တွေ တရုန်းရုန်းကြားထဲ လှမ်းမြင်လိုက်ရတာ ဆိုပေမဲ့ မင်္ဂလာကားအဖြူနားမှာ ထင်ထင်ရှားရှား ရပ်နေတဲ့ ကောင်လေးကိုတော့ သူသေချာကို မှတ်မိလိုက်တယ်။ ဘတ်စ်ကားပေါ်ကနေ နောက်မှတ်တိုင် ရပ်တာနဲ့ ဆင်းပြီး ဟိုတယ်ရှေ့ထိ အရူးတစ်‌ယောက်လို ပြန်ပြေးလာခဲ့ပေမဲ့ ခုန လူအုပ်ရော ကောင်လေးရော မင်္ဂလာကားရော ဘာမှရှိတော့တာကိုပဲ တွေ့လိုက်ရ‌တော့တယ်။

ဟိုတယ်ရှေ့မှာ မောဟိုက်နေရင်း သေချာပြန် စဉ်းစားမိတော့... ကောင်လေးကို မြင်တာနဲ့ ဘာလို့ ပြေးဆင်းလာရတာလဲ။ ကောင်လေးကို တွေ့တော့ရော သူဘာပြောလို့ရမှာလဲ။ ဘာမှထူးလာမှာ မဟုတ်ပဲနဲ့ ဘာလို့ အရူးတစ်ယောက်လို ပြေးလာရတာလဲ။ မောမောနဲ့ တွေးနေမိရင်း သူ့မျက်လုံးတွေက ဟိုတယ် ဝင်ပေါက်နားမှာ ထောင်ထားတဲ့ မင်္ဂလာဓာတ်ပုံနဲ့ကြိုဆိုတဲ့ Stand ကို တွေ့လိုက်ရတဲ့အခါ။

ကောင်လေးနဲ့ သူ့သတို့သမီးရဲ့ ဓာတ်ပုံ။ အရမ်းကို လှနေတဲ့ Pre Wedding ဓာတ်ပုံ။ ဒီအချိန်မှာ သူသတိတရနဲ့ အမြန်ရှာလိုက်မိတာက ကောင်လေးရဲ့ နာမည်။ ကောင်လေးက သူ့ကို နာမည်တောင် ပြောမပြသွားခဲ့ဘူး မဟုတ်လား။

"Maruyama Yusuke @ Yang Yu Teng... အော်... ကောင်လေးက ဂျပန်နာမည်ပါ ပိုင်ဆိုင်ထားတဲ့ကပြားလေးပဲ... ဒါကြောင့် စကားသံလေးက ထူးခြားနေခဲ့တာကိုး..."

ကောင်လေးအကြောင်းကို ဘာမှ မသိခဲ့ရတဲ့ သူကိုယ်သူ ပြန်တွေးမိတော့ နာနာကျင်ကျင် လှောင်ရယ်လိုက်မိတယ်။ ဓာတ်ပုံလေးထဲက ကောင်လေးကို သေချာကြည့်လိုက်တော့ သူတစ်ခါမှ မမြင်ဖူးတဲ့ တောက်ပတဲ့အပြုံးကို ပြုံးထားတာကို တွေ့ရတယ်။ ဒီမင်္ဂလာပွဲက ကောင်လေးဆန္ဒရှိလို့ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲနဲ့တူပါတယ် လို့ တွေးမိပြန်တော့ မျက်ရည်‌တွေက ဝဲလာပြန်တယ်။တကယ်တော့ သူပျော်ရမှာ‌လေ။ သူမြင်ဖူးတဲ့ မျက်ရည်တွေနဲ့မဟုတ်ပဲ ဒီလိုအပြုံးမျိုးနဲ့ ကောင်လေးကိုတစ်သက်လုံး ပျော်စေချင်ခဲ့တာပဲ။ ဒီတော့ ပြုံးနေတဲ့ကောင်လေးအတွက် သူပျော်ပေးရမှာပေါ့။

The Flame in the DarknessDove le storie prendono vita. Scoprilo ora