တိုးဝင်လာခဲ့တဲ့ ဧည့်သည်

154 19 4
                                    

"မင်း!!!!"

ခပ်မာမာ စကားတစ်ခွန်းနဲ့အတူ အရှိန် ပြင်းပြင်းဝင်လာတဲ့ လက်သီးကြောင့် Lin Zi Hong မွေ့ယာပေါ်ကို ပစ်ကျသွားတယ်။ ပစ်ကျသွားတဲ့ သူ့အပေါ် ကောင်လေး တက်ခွလာပီး လည်ပင်းအင်္ကျီစကို စောင့်ဆွဲကာ နောက်တစ်ချက် ထပ်ထိုးဖို့ အားယူနေတယ်။

သွေးစို့နေတဲ့ နှုတ်ခမ်းတစ်ဖက်ရှိရာ ပါးပြင်ကို အသင့်အနေအထား ထိုးပေးလိုက်တဲ့အခါ ကောင်လေးရဲ့ လက်သီးတွေက ရှေ့တိုးမလားပဲ တဆတ်ဆတ် တုန်ခါနေတယ်။ ကောင်လေးရဲ့ မျက်ဝန်းတွေမှာ မခံမရပ်နိုင်ခြင်းတွေ မြင်နေရတယ်။

ထိုးလိုက်စမ်းပါ။ မင်း အနာပေါ် တုတ်ကျပြီး ထိုးလာတဲ့ လက်သီးတွေက ကိုယ့်စကားမှန်တယ်ဆိုတဲ့ သက်သေတွေပဲမို့။ မင်း ကိုယ့်ကို ထိုးလိုက်စမ်းပါ။

#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#

ဒီလူပြောတဲ့ အမှန်တရားက ခါးလွန်းလို့ ဒေါသအလျောက် ပြေးထိုးလိုက်မိတယ်။ တစ်သက်လုံး မြိုသိပ်လာတဲ့ ဒေါသတွေကို ဒီလူ့အပေါ် ပုံချဖို့ သူကြိုးစားလိုက်မိပေမဲ့ မွေ့ယာပေါ်ကနေ အဆင်သင့် မေးထိုးပေးနေတဲ့ ဒီလူ၏ နှုတ်ခမ်းက သွေးစကို မြင်တော့ Yang Yu Teng ဆက်ထိုးဖို့ တွန့်ဆုတ်သွားတယ်။ Yang Yu Teng ဒေါသကို ထိန်းရင်း စုပ်တစ်ချက် သပ်လိုက်ပြီး လက်သီးကိုလည်း ပြန်ရုတ်သိမ်းလိုက်တယ်။

"မင်း ပြန်တော့!"

#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#

သူ့ကို မလိုအပ်ဘူး ပြောလာတဲ့ ကောင်လေးရဲ့ ဘဝထဲမှာ နည်းနည်းလေးလောက် ဖြစ်ဖြစ် လိုအပ်တဲ့ နေရာလေးရချင်တဲ့ လောဘလေးနဲ့ ပြောလိုက်တဲ့ စကားက ကောင်လေးကို တော်တော် အရှိုက်ထိသွားစေပုံပဲ။ အရမ်းကို ဒေါသထွက်နေတယ်။ ဒါဆို ဘာလို့ မလိုအပ်ဘူး ပြောတာလဲ။ ဘာလို့ မယူချင်တဲ့ ပိုက်ဆံကို အတင်းပေးနေတာလဲ။ ဘာလို့ လှောင်ပြုံးတာလဲ။

ပြန်ခိုင်းနေတဲ့ ကောင်လေးကို ဘာမှပြန်မပြောပဲ ဘုကြည့် ကြည့်နေလိုက်တဲ့အခါ ဒေါသရိပ်တွေနဲ့ ကောင်လေးက ထပ်မံ အမိန့်ပေးလာတယ်။

"ပြန်တော့လို့!"

ကောင်လေးကို ကြည့်ရင်း ကြည့်ရင်း ရင်ထဲ မခံချင်ဖြစ်လာတဲ့ Lin Zi Hong က အားသုံးပြီး မွေ့ယာပေါ် ဆွဲလှဲပစ်လိုက်တယ်။ ရုတ်တရက် အငိုက်ခံလိုက်ရတဲ့ ကောင်လေးက အခုတော့ မွေ့ယာနဲ့ ကျောကပ်ပြီး သူ့ရဲ့ အုပ်မိုးချင်းကို ခံလိုက်ရပြီ။

The Flame in the DarknessTahanan ng mga kuwento. Tumuklas ngayon