"အလုပ်ရပြီလား?"
"ရှာနေတုန်းဘဲလေ!"
"မင်းရော အလုပ်အဆင်ပြေရဲ့လား?"
"ငါကအဆင်ပြေပါတယ်
မင်းသာကြည့်ရတာ အဆင်မပြေဘူး""ငါအဆင်ပြေပါတယ် Junkyu ရာ"
"ဘာလဲ သူ့ကိုလွမ်းနေသေးတာလား?"
"ပေါက်ပေါက်ရှာရှာ မင်းဘယ်လိုတွေ တွေးလိုက်တာလဲ?"
"အင်း..ဒီလိုဘဲ တွေးလိုက်တာ"
"Junkyu ya~~ ငါတို့ ပြန်ဆုံတာ မကြာသေးဘူးနော်"
Mashi က ကြယ်တွေစုံနေတဲ့ ကောင်ကင်းကိုကြည့်ရင်း ပြောသည်။ ဘေးတိုက်အနေအထားနဲ့တင် အရမ်းချစ်စရာကောင်းနေတာမို့ Junkyu အသဲယားလာရသည်။သူ ဘယ်လောက်တောင် လွမ်းနေလိုက်ရတဲ့ မျက်နှာလေးလည်း ။
"ဟုတ်ပ့ တစ်ပတ်ဘဲရှိသေးတာ"
"ငါက မင်းငါ့ကို မှတ်မိမယ်လို့တောင်မထင်ဘူး"
ပြောတက်လိုက်တာ Mashi ရာ!
"ဘာလို့လဲ?"
"ကျောင်းတက်တုန်းက ငါတို့က စကားတစ်ခါမှ မပြောဖူးဘူးလေ!"
အဲ့ဒါလည်း ဟုတ်သား!
"မင်းကရောငါ့ကို ဘာလို့မှတ်မိတာလဲ?"
"မင်းအရင်မိတ်ဆတ်လို့လေ! ငါအဲ့လောက်ထိ လူမူရေးမခေါင်းပါးဘူးနော်"
အပြုံးလေးနဲ့ ပြန်ဖြေလာတဲ့ ကောင်ပေါက်လေးကြောင့် Junkyu ပြုံးမိပါရဲ့။
"ငါတို့ အထက်တန်းပြီးကတည်းက မတွေ့ကြတာနော်"
"ဟုတ်ပါရဲ့..သူငယ်ချင်းတစ်ချို့တော့ မိန်းမရကုန်ပြီ ငါကတော့ ခုထိကွဲတုန်းဘဲ~~!"
ရယ်သံလေး စွတ်ကာ ပြောလာတဲ့ Mashi စကားကြောင့် Junkyu အကြောင်းမဲ့စွာ သက်ပြင်း ယဲ့ယဲ့လေးချမိသည်။
"ဘယ်သူလဲ Wooseok ကိုပြောတာလား?"
"ဟင် Junkyu မင်း Wooseok နဲ့အဆက်အသွယ်ရှိတာလား?"
"ဟုတ်တယ်လေ ငါက အခန်းဖော်အားလုံးနဲ့ အဆက်အသွယ်ရှိတာ "
"အဲ့ဆို ငါနဲ့ဘဲ အဆက်အသွယ်မရတာပေါ့"
Junkyu ပြုံးလိုက်မိပါရဲ့!
ph no ကိုပြောင်းထားတာ ဒီကောင်လေးမေ့နေတယ်ထင်ပါရဲ့!
YOU ARE READING
Mashikyu (One short) Uni /Zaw
FanficMashikyu one short တွေကို ဒီမှာ ဘဲ အကုန်ဖြည့်သွားမှာပါ..><