နှင်းဆီ ပန်းအဖြူတွေသီးသန့် စိုက်ထားတဲ့
ပန်းခင်းကြီးထဲဝယ် ကောင်လေးတစ်ယောက် ပျော်ရွှင်စွာ ပန်းလေးတွေကို ကြည့်ရင်း ဆော့ကစားနေသည်။"ယောကျာ်းလေး ဖြစ်ပြီး ပန်းကြိုက်ရတယ်လို့!"
စောင်းသလိုရွဲ့သလိုနဲ့ အနားရောက်လာကာပြောတဲ့ ကောင်လေးတစ်ယောက်။
ထိုသူကို သူသိသည်!
လွန်ခဲ့သော 15 မိနစ်က သူနဲ့ စကားအချေအတင်းဖြစ်ခဲ့တဲ့ သူရဲ့ ချစ်လှစွာသော ခင်ပွန်းပင်!"ကြိုက်တော့ ဘာဖြစ်လဲ?"
"ငါ..ဘာပြောလို့လဲ?"
လက်ကို ဘောင်းဘီ အိတ်ထဲ ထည့်ကာ စတိုလ်ကျကျ ရပ်နေတဲ့ သူ့ခင်ပွန်းက တကယ်ကြည့်ကောင်းသည်။
တစ်ခါတစ်လေများဆိုသူ့ခင်ပွန်းရဲ့ ကြည့်ကောင်းနေမှူကို Mashiho တို့ မနာလို ဖြစ်တက်သေးသည်!"သွား ဒီနားမလာနဲ့ နင့်ရဲ့ ဟိုကောင်မနဲ့ဘဲ သွားတွေ့နေ!"
"ကျစ်..Mashiho ငါမင်းကို မဟုတ်ဘူးလို့ပြောနေတယ်လေ!"
"ငါမှ မယုံတာ ဘယ်လိုလုပ်မလဲ?"
"အတူတူနေတာ 1 နှစ်ပြည့်တော့မယ် ခုထိ မယုံသေးဘူးလား? "
Junkyu က သူ့ရဲ့ ဆံပင်တွေကို ထိုးဖွကာပြောသည်။သူတို့နှစ်ယောက် လက်ထပ်ထားတာ တစ်နှစ်ပြည့်တော့မယ် ခုထိ သူ့ကိုမယုံကြည်နိုင်သေးတဲ့ ဒီကောင်လေးကြောင့် သူတို့ ခဏခဏ ရန်ဖြစ်ရသည်။
အဲ့ဒါကလည်း အခြားအကြောင်းမဟုတ် Com မှာ အလုပ်လာ အပ်ရင် ကောင်မလေးတွေနဲ့လည်း စကားပြောရသည် ထိုခါဆို အတွင်းရေးမှူး လုပ်နေတဲ့ Mashi က သဝန်တိုကာ စိတ်ကောက်သည်။ကိုယ်ချောနေသေးတာတော့ သိပေမယ့် ကိုယ်က သူ့ကိုဘဲ ချစ်တာလေ!
ဒါကို ဒီကောင်လေးက အားနေစိတ်ကောက်ဖို့ဘဲ တွေးနေသည်။"ဒီမှာ! ငါလည်း နင့်ကို ချစ်လွန်းလို့ လက်ထပ်တာ မဟုတ်ဘူးနော် အမေပေးစားလို့"
"တကယ်လား? Mashi!! စိတ်ရင်းလား?"
တကယ်တော့ သူတို့နှစ်ယောက် ချစ်သူတွေ အဖြစ် တစ်နှစ်တွဲခဲ့ကြသေးသည်။
တိုက်ဆိုင်စွာပင် မိဘတွေ ပေးစားမယ့်သူကလည်း သူတို့နှစ်ယောက် ဖြစ်နေသည်။ အခါအခွင့်သင့်တာမို့ မြန်မြန်ပင် လက်ထပ်လိုက်သည်။
YOU ARE READING
Mashikyu (One short) Uni /Zaw
FanficMashikyu one short တွေကို ဒီမှာ ဘဲ အကုန်ဖြည့်သွားမှာပါ..><