Extraordinary Relationship

280 30 1
                                    

(Unicode)

"မေမေ ဒီနားမှာထားတဲ့ စာအိတ်ရော!"

စောစောစီးစီး အိပ်ယာထသည်နှင့် Junkyu တစ်ယောက် စတင်သောင်းကျန်းပါတော့သည်။
အကြောင်းရင်းကတော့ mashi အတွက်ဆိုပြီးရည်ရွယ်ကာ ရေးထားသည့် စာအိတ်လေးက ပျောက်သွားသည်။

"ကာလနဂါးက ခုမှနိုးလာပြီး ဘာတွေလာအော်နေတာလဲ?"

"ဟာ..မေမေရာ သားအခန်းထဲဝင်သေးလား?"

"မဝင်ဘူး!"

"ဒါဆို စာအိတ်က ခြေထောက်ပေါက်ပြီး ပျောက်သွားတာလား?"

"ဘာစာအိတ်လဲ သွေးရူး သွေးတန်းနဲ့
သွားတော့ ကျောင်းကို mashi လေးတောင် သွားနှင့်ပြီတဲ့!"

"ဗျာ!"

"မဗျာနဲ့ ခုနက နင်အိပ်နေတုန်း အခန်းထဲကို ဝင်သွားတာတွေ့လိုက်တယ် ပြီးတော့ မကြာဘူးပြန်ထွက်လာပြီး သွားနှင့်ပြီလို့ ပြောပေးပါတဲ့!"

"ဟာ..သွားပါပြီ!"

"ဘာသွားတာလဲ မင်းမှန်မှန်ပြောစမ်း
mashi လေးကို ဘာတွေမဟုတ်တာတွေ ခိုင်းမလို့လဲ?"

"မဟုတ်ပါဘူး မေမေရယ် မေမေ မသိပါဘူး
သွားပါပြီ ကျွန်တော့်ရဲ့ နှစ်ရှည်စီမံကိန်းကြီးက သဲထဲရေသွန်ဖြစ်ကုန်ပါပြီ!"

"စောစောစီးစီး ကျက်သရေမရှိ ငိုမနေနဲ့
သွားတော့ ကျောင်းကို တက္ကသိုလ်ကျောင်းသားပဲ ဖြစ်နေပြီ ခုထိ ရူးကြောင်ကြောင်နဲ့!"

မေမေက ထိုသို့ပြောပြီး ထွက်သွားသည်။
Junkyu ကလည်းစိတ်ရှုပ်ရှုပ်နှင့်သာ မျက်နှာသစ်ရန် ပြင်လိုက်သည်။
ခြေထောက်နှင့် ထိမိသည့် အရာတစ်ခု။

မဟုတ်မှ!
ဟင် စာအိတ်!
ညက သေချာပေါက် ခုံပေါ်မှာ တင်ထားတာပါ
ဘာကိစ္စ အောက်ကျသွားတာလဲ?

သေချာသည် သူထင်တာ လုံးဝကိုသေချာနေပြီ!
mashi ကသေချာပေါက် ဒီစာအိတ်ကို တွေ့သွားပြီ! ပိုပြီးသေချာသွားသည်က ဖွင့်ဖတ်ထားသည့်အရာလေးပင်ဖြစ်သည်။

အားးး ဒီ Valentine Day တော့ သွားပါပြီ!

>>>>>>>>>>>>>>>>>>>>>>

"Mashi ဘာဖြစ်လာတာလဲ?"

အတန်းစရောက်ကတည်းက ဘာစကားမှ မပြောကာ မျက်နှာနီကြီးနှင့် ထိုင်နေသည့် Mashi ကို Jaehyuk က စကားစလိုက်သည်။

Mashikyu (One short) Uni /ZawWhere stories live. Discover now