idol 'Boyfriend

260 30 0
                                    

အရင်ဆုံး စာရေးသူရဲ့ Note ကိုဖတ်ပေးကြပါ။ ဒီ one short  ကစာရေးသူရဲ့ စိတ်ကူး
ယဥ် သက်သက်ဖြစ်တဲ့အတွက်မို့ အဆင်မပြေရင် မဖတ်နိုင်ပါနဲ့ မဖြစ်နိုင်တာတွေ ​ကိုယ် ဖြစ်ချင်တာတွေနဲ့ ဆွဲတွေးပြီး ရေးထားတာမို့ အဆင်မပြေရင် မဖတ်ပါနဲရှင့် ><
ဖတ်ပြီးသွားမှ ဘာညာဆိုပြီး လိုက်မပြောဖို့
မေတ္တာရပ်ခံပါတယ်!
အရေးအသားကတော့ ဆိုးနေဆဲဖြစ်တဲ့အတွက် တောင်းပန်ပါရစေ...။

(Unicode)

"너에게로 직진 (후우우우우)
🤘
직진 (후)
너에게로 직진 (후우우우우)"

မိုးလင်းမျက်လုံးနှစ်လုံးပွင့်သည်နှင့် ဘာမှမလုပ်ခင် သီချင်းအရင်နားထောင်ကာ ဒွန့်နေသည့် သူ။

"ဒေါက်..ဒေါက်..ရား မာရှီဟို!!!!"

"ဗျာ~"

"နိုးနေရင် အောက်ဆင်းလာတော့ တကယ်ပဲ တစ်ရက်တစ်ရက်ဒီသီချင်းတွေပဲနားထောင်နေတယ်!"

"လာပြီ မေမေရေ!"

Fanboy တစ်ယောက်ဖြစ်ရတာ လွယ်ကူမနေပါဘူး။ ဒါပေမယ့် ဂျွန်ဂယူဟျောင်း ရဲ့အပြုံးတွေကြောင့် ဒီfan boy life ကနေ ထွက်သွားနိုင်မယ်မထင်ဘူး။

"ဂျွန်ဂယူဟျောင်းက မာရှီ့အပေါ်အရမ်းစိုးမိုးတာပဲနော် ဟွင့်"

အခန်းနံရံပေါ်တွင်ကပ်ထားသည့် ပိုစတာအကြီးကြီးကို လက်သေးသေးလေးတွေနှင့်ထိကာ ဆိုသည်။

"ဟဲ့ ဆင်းမလာသေးဘူးလား?"

မဆိုင်းမတွထွက်လာသည့် မေမေ့အော်သံ။

"လာပါပြီ...မျက်နှာလေးသစ်ပါရစေဦး!!"

အချိန်ဆွဲနေလို့မဖြစ်တာမို့ မြန်မြန်ပင် လုပ်ရတော့သည်။ မဟုတ်ရင် မေမေက ဒီအကြောင်းတွေ တစ်စုံတစ်ယောက်ကို ပြန်ပြောမည်တဲ့လေ။
သိသွားလို့ မဖြစ်ပါဘူး သိသွားရင်ရှက်စရာကြီး။

"မနက်စာ ဒါလား!"

ရှေ့မှာချထားသည့် မုန့်ကြွပ်ကိုကိုင်ကာ မာရှီငြီးငြူလိုက်သည်။

"ဒါလားလို့ မပြောနဲ့ ကျွေးတာစား
ဒီအသက်အရွယ်ရောက်နေပြီ အလုပ်တစ်ခုမယ်မယ်ရရမရှိဘူး!
ဒီအသက်အရွယ်ထိ တင်ကျွေးထားပြီးပြီ
အခုတော့ မိန်းမယူပြီးမိန်းမလုပ်စာ ထိုင်စားတော့!"

Mashikyu (One short) Uni /ZawWhere stories live. Discover now