အချစ်နဲ့ ၂၄နာရီ (Unicode)

267 35 3
                                    

"ဒုန်း!"

Junkyu တစ်ယောက် သူဒေါသထွက်နေကြောင်း သိစေလိုသော ရည်ရွယ်ချက်ဖြင့် ကားတံခါးကို အသံမြည်အောင်ဆောင့်ပိတ်လိုက်သည်!

နောက်ကလိုက်လာသည့် ခြေသံသေးသေးလေးတွေကို သူကြားသည်!
သို့သော်လှည့်မကြည့်ဖြစ်!
တကယ်ကို နမော်နမဲ့နိုင်လွန်းတဲ့ ဒီကောင်လေးကို
သူဒီတစ်ရက်တော့သေသေချာချာလေး စိတ်ကောက်ပစ်ပါဦးမည်လေ!

ပြဿနာအစက ညနေက စသည်!
ဒီနေ့က သူတို့နှစ်ယောက်ရဲ့ တစ်လပြည့်
မင်္ဂလာနှစ်ပတ်လည်နေ့!
မနေ့ညက ထိ အားလုံးအဆင်ပြေနေပါသေးသည်!
ထမင်းဟင်းချက်ဖို့ အဆင်မပြေရင် ဆိုင်ကပဲမှာမယ်လို့ပြောသည့် သူ့အပြောအား ရပါတယ်ဆိုကာ ကိုယ်တိုင်ချက်ပြုတ်နေသည်လေ!

သူအဆင်ပြေသည်ဆိုတော့လည်း ဘာမျှဆက်မပြောတော့ပဲ လွှတ်ထားလိုက်မိသည်ကကိုယ့် အမှားပင်!
ခက်သည်က ဒီကောင်လေးက သူချက်ထားတာတွေ မမြည်းကြည့်ဘူးလား?
ဒါမှမဟုတ် သူ့အကြိုက်ကို ကဒီလိုတွေဖြစ်နေတာလားမသိတော့ပေ!

ဖိတ်ထားတဲ့ နှစ်ဖတ်မိဘအပေါ် အကုန်မျက်နှာပျက်စရာ!
ဟင်းတွေက ဆားငန်တာငန် ဆားပေါ့တာပေါ့ ချဥ်တာကချဥ်နဲ့ တစ်စိုးတစ်စိလေးမှ စားလို့မကောင်းပါလေ!

မိဘများကတော့ ဘာမှသိပ်မပြောပါလေသော်လည်း မစားနိုင်မှန်းသိသာနေတာမို့ သူကပဲ လောလောနှင့် စားသောက်ဆိုင်တွင်သွားစားရန်စီမံလိုက်ရသည်!

Junkyu အမေကတော့ပြုံး၍သာနေပေမယ့်
Mashi အမေကတော့ တစ်ဦးတည်းသောသားလေးဖြစ်သူကို ဆုံးမကာ ကျောကိုတစ်ချက်ရိုက်လိုက်သည်!

မကြိုက်ပါ!
mashi ကို ဘယ်နေရာမှာမှ အသုံးမဝင်ဘူးလို့တွေးနေတဲ့ ယောက္ခမပုံစံကို!
မကြိုက်ပါ ကိုယ့်ခင်ပွန်းငယ်ကို လက်နှင့်ရိုက်နေသည့် ယောက္ခမကို!

Mashiက ဘယ်လိုပဲ ဖြစ်နေပါစေ
သူပဲဆုံးမမယ်..
သူကပဲစိတ်ကောက်မယ်!
ဒါကြောင့်လည်း ထိုနမော်နမဲ့နိုင်လွန်းတဲ့ကောင်လေးကို မှတ်သွားအောင် ဒီနေ့တော့ စိတ်ကောက်ပစ်ပါဦးမယ်!

>>>>>>>>>>>>>>>

"ကိုကို ငါ့ကိုစောင့်ဦး!"

Mashikyu (One short) Uni /ZawWhere stories live. Discover now