Prologue

96 8 0
                                    

(Unicode)

"ဖိုး​တာလေးကို ​မွေးစားမဲ့မိဘ​တွေ​ရောက်​နေကြပြီအကို"

​ဂေဟာမှူးဆရာမ​လေး၏စကား​ကြောင့် ​ကျွန်​တော်​​အတိုင်းမသိ ဝမ်းသာသွားမိ​လေသည်။​

နောက်ဆုံး​တော့ ဖိုးတာ​လေးကို လိုလိုချင်ချင်နဲ့​မွေးစားမဲ့သူ​ရှိလာခဲ့ပါပြီ​ကောလား။

ဖိုးတာ...
ဖိုးတာလို့ ချစ်စနိုး​ခေါ်ကြတဲ့ သည်က​လေးရဲ့ အသက်က ၇ နှစ်။ အသားကညိုညို၊ ဆံပင်က ခပ်​ကောက်​ကောက်၊ မျက်လုံးကအတန်ငယ်ပြူး​​နေ​ပေမဲ့ ချစ်​မွှေးပါသည်ဟုဆိုရ​ပေမည်။ ​ဂေဟာကို​ရောက်လာကြသည့် လူတိုင်းက ဖိုးတာ​ကို သ​ဘောကျကြသည်။ ဟို​တ​လောကမှ ​​ဂေဟာကို အလှူလာလုပ်သွားကြသည့် အသက်ခပ်ကြီးကြီး ဇနီး​မောင်နှံက ဖိုးတာ​လေးကို သ​ဘော​တွေ့ခဲ့ကြသည်။ သူတို့ဇနီး​မောင်နှံကဖိုးတာကို အ​မွေစားအ​မွေခံ​မွေးစားချင်ကြ​သော်လည်း သူတို့​မွေးစားမဲ့က​လေးက သူတို့ကို မိဘအရင်းအဖြစ်သာ မြင်​စေ၊သိ​စေချင်ကြသည်။ သို့​ပေသည့် ဖိုးတာတို့အရွယ်ဆိုတာကလည်း အရာရာကိုတတ်သိနားလည်​နေတဲ့ အရွယ်ပင်မဟုတ်ပါလား။ ထိုသို့​သော အ​ကြောင်း​​တရားအဖုံဖုံ​ကြောင့် သူ့ထက်အငယ် ညီ၊ညီမ​လေး​တွေမှာ အ​ဖေ၊အ​မေ ​ခေါ်စရာရသွားကြ​​ပေမဲ့ ဖိုးတာ​လေးက " ​​မေတ္တာရိပ်ခို" ​ဂေဟာ​လေးမှာ ဖိုးကျန်ရစ်​လေးဖြစ်လို့သာ ကျန်ခဲ့တော့သည်။

"သူတို့ ဖိုးတာ​ကို အမှန်တကယ်လိုချင်စိတ်ရှိကြရဲ့လား"

"တကယ်​တော့ အမျိုးသားတစ်​ယောက်တည်းပါ အကို"

"ဟင်"

​ကောင်းမြတ်သာ ဆရာမ​လေးနှင်းထက်​မေကို တအံ့တသြကြည့်လိုက်​လေသည်။

"ဇနီး​မောင်နှံမှလွဲ၍ တစ်ကိုယ်​ရေတစ်ကာယသမား​များကို က​လေး​မွေးစားရန်ခွင့်မပြုပါ" ဟူ​သော Notice Board မှ စာ​ကြောင်းကို သူမကိုယ်တိုင်​ ​ရေးသားထားခဲ့တာပင်။

သို့ ထိုလူ့ကို အဘယ်သို့​သောအ​ကြောင်းပြချက်နှင့် ဖိုးတာ​လေးကို ​မွေးစားရန် ခွင့်ပြုခဲ့ပါသနည်း။

"သူ့အမျိုးသမီးက car accident ​ကြောင့်ဆုံးသွားတာ မကြာ​သေးဘူးအကို။ ခုလက်ရှိမှာ သူက မိဘ​တွေနဲ့အတူ​နေထိုင်ပါတယ်။ သူတို့မိသားစုက ဖိုးတာ​ကို မြင်မြင်ချင်းသ​ဘောကျ,ကြတာရယ် ပြီး​တော့..."

​ရှေး​ရေစက်​ကြောင့် ဆုံစည်းကြရာဝယ်...[Completed]Where stories live. Discover now