Chapter [2]

51 7 15
                                    

(Unicode)

"ဘဝဟာ ဖြစ်ချင်တာတွေဖြစ်ခွင့်မရှိပါလား" လို့ကောင်းမြတ်သာက အချိန်အားတိုင်းတွေးတတ်သည်။

မြန်မာစာမဟာတန်းကျောင်းသားတစ်ယောက်ဖြစ်နေပြီဆိုပေမဲ့ ပညာရေးတက္ကသိုလ် မတက်ခဲ့ရတာကို တွေးမိတိုင်း သူ့မှာစိတ်နာရင်နာဖြစ်ရသည်။ နှစ်မှတ်အလိုနဲ့ ကျန်ခဲ့ပြီး B.E.d မတက်လိုက်ရတဲ့သူက တခြားမေဂျာတွေလည်း တစ်ခုဆိုတစ်ခုမှကို မလျှောက်ထားမိလိုက်။ သည်တော့ သူ့မှာယောင်လည်လည်။ မေဂျာတစ်ခုခုကျလာနိုးနိုးစောင့်ရင်းနဲ့ နောက်ဆုံးတော့ မြန်မာစာယူပြီး ဒဂုံ အရှေ့ပိုင်းတက္ကသိုလ်မှာပဲ သောင်တင်ခဲ့တော့လေသည်။

မြန်မာစာအထူးပြုကျောင်းသားတစ်ယောက်ဖြစ်လာခဲ့တဲ့သူက အခုတော့ မြန်မာမှုကို မြတ်နိုးသလို၊မြန်မာစာပေကိုလည်း တန်ဖိုးထားတတ်ခဲ့လေပြီ။

"မမွှေးထုံ မမွှေးထုံ
ပါးကွက်ကြားနဲ့ နပ်ခါးမှုန်။
မမွှေးထုံ ဘာကြောင့်မွှေး
ရှင်တောင်နပ်ခါး လိမ်းလို့မွှေး။

မမွှေးထုံ မမွှေးထုံ
စံပယ်ကုံးနဲ့ ဆံထုံးပုံ၊
မမွှေးထုံ ဘာကြောင့်မွှေး
တောစံပယ်လေး ပန်လို့မွှေး။

မမွှေးထုံ မမွှေးထုံ
နှုတ်ခမ်းပါးနဲ့ ကွမ်းဝါးငုံ၊
မမွှေးထုံ ဘာကြောင့်မွှေး
စမုံကွမ်းအေး ဝါးလို့မွှေး။

မမွှေးထုံ မမွှေးထုံ
နှုတ်ချိုအေးတဲ့ မမွှေးထုံ၊
မမွှေးထုံ ဘာကြောင့်မွှေး
လိမ္မာခြားရေး၊ သတင်းပြေး
သမီးမြကျေး၊ ကြာညိုသွေး
စိတ်သည်ကြည်လို့ နာမည်မွှေး..."

ဆရာမကြီးကြည်အေး၏ "မမွှေးထုံ" ကဗျာလေးကို သူ ခပ်တိုးတိုးဆိုလိုက်မိသည်။ သူ သည်ကဗျာလေးကို သိပ်ကြိုက်သလို ဆရာမကြီးရဲ့ "မောင်၊ကိုကို နှင့် မြနန္ဒာ"ဆိုတဲ့ စာအုပ်လေးကိုလည်း မွန်းကြပ်လွန်းတဲ့ ခံစားမှုတွေကြားကနေ အကြိမ်ကြိမ်ပြန်ဖတ်မိသည်။ တက္ကသိုလ်ရောက်မှ အပေါင်းအသင်းနည်းလာတဲ့ သူ့အတွက် စာအုပ်တွေက အဖော်ဖြစ်မှန်းမသိဖြစ်လာခဲ့သည်။

တက္ကသိုလ်မတက်ရသေးသည့် ကာလတစ်ခုကိုပြန်တွေးမိတော့ ခန့် က သူ့အတွေးထဲမှာပထမဆုံးပေါ်လာခဲ့လေသည်။

​ရှေး​ရေစက်​ကြောင့် ဆုံစည်းကြရာဝယ်...[Completed]Where stories live. Discover now