Chapter [4]

52 7 8
                                    

(Unicode)

အချိန်မှန် နိုး​နေကျဖြစ်သော​ကြောင့် မျက်ခွံ​တွေက မခိုင်း​စေရဘဲနဲ့ သူတို့တာဝန်ကို ထမ်း​ဆောင်ခဲ့​လေပြီ။ ကျလိ ကျလိ ဆိုတဲ့ ​ကျေးငှက်သံ​လေး​တွေကိုလည်း သာယာနာ​ပျော်ဖွယ်ကြားရ​နေရ၏။

သို့​ပေမဲ့ ကျွန်​တော်ရဲ့ မနက်ခင်းက မပြည့်မစုံနဲ့ တစ်ခုခုလို​နေ​သေးသလိုပါပင်။​

ကုတင်ခေါင်းရင်းက နာရီကို ကြည့်လိုက်​တော့ ၇ နာရီအတိ။ ပုံမှန်ဆိုရင် ၇ နာရီမထိုးခင်ကပင် ဖုန်းဆက်ပြီးနှိုး​နေတတ်သည့် ခန့် တစ်​ယောက်ခုထိဖုန်းမဆက်​လာခဲ့​သေး​​ပေ။ လိုင်း​ပျောက်​နေတဲ့ ဖုန်းကိုကြည့်ပြီးမှ "​သြော် လိုင်းမမိလို့ ဖုန်းဆက်မရတာ​နေမှာ" ဟုဖြေသိမ့်လိုက်ရသည်။

"​တီငယ် ​နောက်တစ်ပတ်ရန်ကုန်သွားဖို့ ကားလက်မှတ်သွားဖြတ်လိုက်​တော့မယ်​နော်"

"မင်း ရန်ကုန်ကို မသွားရ​တော့ဘူး​ ကောင်း​​ကောင်း"

"ဗျာ ဘာလို့လဲတီငယ်။ တီငယ်ပဲအရင်က သွားလို့ ခွင့်ပြုထားပြီး​တော့"

"အခုမသွားရ​တော့ဘူး။ အ​ခြေအ​နေ​တွေက ဘယ်လိုလာအုံးမယ် မသိဘူး။ မိုးမလင်းခင်ကပဲ နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဝန်ကြီးအချို့ ထိန်းသိမ်းခံလိုက်ရပြီ"

"ဗျာ ဘယ် ဘယ်သူက ထိန်းသိမ်းလိုက်တာလဲ"

"ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်​ပေါ့။ ယာယီထိန်းသိမ်းလိုက်တယ်လို့​တော့ ​ပြောတာပဲ"

"ဟား ဘိုး​တော်က​တော့ အ​ရေးမပါတာ​တွေလုပ်ပြီ။ ဒါ​ကြောင့် ဖုန်းလိုင်း​တွေ ဖြတ်လိုက်တယ်​ပေါ့။ ပြည်သူ​တွေကို ဒီလိုနည်းနဲ့ ထိန်းသိမ်းနိုင်မှာတဲ့လား"

"အဲ့​တာ​ကြောင့် ​ပြောတာ​ပေါ့ ဆူပူမှု​တွေက​တော့ဖြစ်လာအုံးမှာပဲ။ ဟင်း ၈၈ လိုဖြစ်မလာဖို့ပဲ ဆု​တောင်း​နေရ​တော့မှာပဲ"

"အဲ့ ဘိုး​တော်က မဟုတ်တာ​တွေလုပ်တာ​လေ။ ဘာအ​ကြောင်းပြချက်နဲ့ အ​မေစုတို့ကို ထိန်းသိမ်းရတာလဲ။ ရန်ကုန်က သူငယ်ချင်း​တွေကို အ​ခြေအ​နေကိုဖုန်းဆက်ပြီး ​မေးကြည့်ရမယ်"

​ရှေး​ရေစက်​ကြောင့် ဆုံစည်းကြရာဝယ်...[Completed]Where stories live. Discover now