(Unicode)
ဇူလိုင်မိုးက အငြိုးတကြီးနှင့် သည်းသည်းမဲမဲ ရွာသွန်းနေ၏။
ကျောင်းကော်ရစ်တာမှာရပ်နေတဲ့ ကောင်းမြတ်သာက D2 တံဆိပ်ပါမိုးကာအင်္ကျီကို ချွတ်ပြီး ထီး၊မိုးကာ စသည်ဖြင့်ဟိုဟိုဒီဒီပစ္စည်းတွေထားဖို့လုပ်ပေးထားသည့်နေရာမှာ ချိတ်ဆွဲထားလိုက်လေသည်။
"Morning ကောင်းကောင်း။ ဒီနေ့ နောက်ကျတယ်နော်"
"ဟုတ်တယ်နွေ။ မိုးစဲသွားမလားလို့ စောင့်နေရင်းနဲ့နောက်ကျသွားတာ"
နွေမိုးဆောင်း၏ အမေးကို သူပြန်ဖြေလိုက်ပြီးယောကျာ်းလေးခုံတန်း တတိယမြောက်ခုံ၏ ပြတင်းပေါက်နှင့်နီးသည့်နေရာမှာဝင်ထိုင်လိုက်လေသည်။ ကောင်းမြတ်သာဆိုတဲ့ သူ့ကို သူငယ်ချင်းများသာမက ဆရာ၊ဆရာမများကပါ ကောင်းကောင်းဟုပင်ခေါ်ကြ၏။
ကျောင်းတက်ခေါင်းလောင်းထိုးပြီး များမကြာမီမှာပဲ အတန်းပိုင်ဆရာမဝင်လာခဲ့လေသည်။ ဆရာမနောက်မှာလည်း ကျောင်းသားသစ်ဖြစ်ဟန်တူသည့်ကောင်လေးတစ်ယောက်ပါလာခဲ့၏။
"Good Morning Teacher"
"Morning class,အားလုံးပဲ ထိုင်လို့ရပါပြီ။ ဒီနေ့ အတန်းထဲကို ကျောင်းသားအသစ်ပါလာတယ်။ကဲ သား ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးပါအုံး"
"ကိုယ့် နာမည်က ခန့်ခိုင်မြဲ"
ကျောင်းသားသစ်၏နှုတ်ဆက်စကားက တုံးတိတိ။
ထူထဲထဲမျက်ခုံးနှစ်ဖက်ကလည်း ထိစပ်လုမတတ်။အကြည့်က စူးရဲရဲ။ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတဲ့အကြည့်မျိုး။နှာခေါင်းက ခပ်ချွန်ချွန်။ မျက်နှာကျပုံလှပေမဲ့ နှုတ်ခမ်းထူထူတွေကို တင်းတင်းစေ့ထားတော့ မျက်နှာကတည်တင်းနေတော့၏။ သာမန်ကိုးတန်းကျောင်းသားတစ်ယောက်မှာရှိသင့်သည့် အရပ်ထက်ပိုပြီးရှည်လျားနေတဲ့ သူ့ကို ကောင်းမြတ်သာစိတ်ထဲကနေ "လူချောတစ်ယောက်ပဲ" ဟု မှတ်ချက်ပြုမိလိုက်လေသည်။"ဒါပဲလားသား။ ဟုတ်ပါပြီ ကလေးတွေနောက်ကျနေတဲ့ သူငယ်ချင်းကို ကူညီပေးလိုက်ကြအုံးနော်"
YOU ARE READING
ရှေးရေစက်ကြောင့် ဆုံစည်းကြရာဝယ်...[Completed]