Chapter [5]

58 6 8
                                    

(Unicode)

အချိန်​တွေက တ​ရွေ့​ရွေ့နဲ့ကုန်ဆုံး​​နေပြီး April လသို့တိုင်ခဲ့​လေပြီ။

နိုင်ငံတကာကလည်း #westandwithmyanmar အပြင်ပိုပြီးထိ​ရောက်တဲ့တုံ့ပြန်မှုမျိုးမ​ပေးနိုင်ခဲ့။ ပြည်သူ​တွေလည်း ပင်ပန်းလှပြီ။

"မ​ကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ" ဟုဆို​ရိုးစကားရှိပေမဲ့ ဘုရားက​တော့ မတရားမှုကို လျစ်လျူရှုထားဆဲပါပင်။

ပြည့်သူတပ်ဖွဲ့ PDF ကို အား​ပေး​ပေမဲ့ လူငယ်ပီပီ NUG က statement အရှည်ကြီး​တွေကို​ ​စောင့်မဖတ်ချင်​တော့။

အချိန်အားဖြင့် ဘယ်​လောက်​ထပ်ပြီးစောင့်ရအုံးမှာလဲ။

အ​စောပိုင်းကာလမှာ ​သွေးကြွခဲ့တဲ့ နယ်မြို့တချို့လည်း ခု​တော့ ​သွေး​အေးပြီးပြားပြား၀ပ်သွားကြ​လေပြီ။ အဲ့သည်အထဲမှာ ကိုယ့်မြို့နယ်လည်းပါတာ​ကြောင့် ​ကျွန်​တော့်မှာ Guilty ဖြစ်​နေရပြန်သည်။

"​ကောင်း​ကောင်း ခိုင်မြဲ အထဲကို​ရောက်သွားတာသိရဲ့လား"

"ဟမ် ဘယ် ဘယ်မှာဖမ်းခံရတာလဲ"

"မဟုတ်ဘူး တပ်ထဲကို သူ့အ​ဖေပြန်​ခေါ်သွားတာ"

​နွေမိုး​ဆောင်းမှ ဖုန်းချသွားခဲ့ပြီဖြစ်​သော်လည်း ကျွန်​တော် ဖုန်းကို နားမှာကပ်၍ ကြက်​သေ​ သေ​နေခဲ့​တော့သည်။

ဘယ်လိုဖြစ်လို့ ခန့်က ကျွန်​တော့်ရဲ့ခန့်က စစ်သားသားသမီးဖြစ်​နေရတာလဲ။

ခန့်ရဲ့ အိမ်က စည်းကမ်းတင်းကြပ်တာကို သိ​ပေမဲ့၊ ခန့်က သူ့အ​ဖေရဲ့ စကားကို ​​မြေဝယ်မကျနား​ထောင်ရတာကို သိ​ပေမဲ့၊ အ​ဆောင်မှာ​နေပြီး ​ကျောင်းတက်တဲ့ခန့်ကိုစစ်သားသားသမီးတစ်​ယောက်ဖြစ်​နေလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ စိတ်ကူးမယဥ်ခဲ့စဖူး။

ဘာဖြစ်လို့ ကံကြမ္မာက သူတို့နှစ်​ယောက်ကို ဒီလိုဖန်တီးလိုက်ရတာလဲ။

~~~

"အဲ့တာ​ကြောင့် အမြဲတမ်း မတင်မကျ ​ပြော​နေခဲ့တာလား"

ခန့်က ဘာမှမ​ပြော။

"ဆိတ်ဆိတ်​နေခြင်းက ဝန်ခံခြင်းပါတဲ့။ ခန့်က ခန့်က အဲ့တာ​ကြောင့် အာဏာသိမ်းတာကို အပြစ်မမြင်ခဲ့တာ​ပေါ့"

​ရှေး​ရေစက်​ကြောင့် ဆုံစည်းကြရာဝယ်...[Completed]Where stories live. Discover now