(Unicode)
"ကဲ ကိုရွှေမြန်မာကြီး ခုတော့ ခင်ဗျား ဘာတတ်နိုင်သေးလဲ"
ဟူဒီနီညိုရောင်နဲ့ ဂျင်းပင်အပြာကိုတွဲဝတ်ထားတဲ့ ကျွန်တော့်ကိုကြည့်ပြီး ခန့်က ရိသဲ့သဲ့စကားဆိုလာတာကြောင့် စိတ်တွေညစ်ညူးနေတဲ့ကြားက ကျွန်တော့်မှာ ပြုံးဖြစ်ရပြန်သည်။ သူနဲ့တွေ့ဖြစ်ကြတိုင်းကျွန်တော်ပုဆိုးဝတ်သွားတတ်တာကို ခန့်က အမြင်မကြည်။ သဘောမကျတာမဟုတ်ပေမဲ့ ကျွန်တော့်ကိုမြင်ရတာ လူငယ်တစ်ယောက်လို လွတ်လွတ်လပ်လပ်မရှိဘူး ဟူ၍လည်း ဝေဖန်တတ်သေးသည်။
"နောက်မနေပါနဲ့တော့ ခန့်ရာ"
"အင်းပါ ဂရုစိုက်နော်။ တစ်လမ်းလုံးဘယ်မှာမှမဆင်းနဲ့။ လမ်းမှာစားဖို့မုန့်တွေရော၊ ရေဘူးရော ကိုယ်အကုန်ဝယ်လာခဲ့တယ်။ တစ်ခုခုကိုင်ပြီးတိုင်းလဲ လက်သန့်ဆေးပွတ်ဖို့ မမေ့နဲ့။ပြီးတော့ mask ကို ဒီလို နှစ်ထပ်,ထပ်ပြီးတပ်"
ပြောပြောဆိုဆိုနဲ့ ခန့်က သူ့လက်ထဲမှာကိုင်ထားတဲ့ mask ကို ကျွန်တော်တပ်ထားတဲ့ mask အပေါ်ကနေအုပ်ပြီး ထပ်တပ်ပေးလာ၏။ ဒါက သူနဲ့ကျွန်တော်တို့ တွဲလာခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ ကျွန်တော့်မျက်နှာကို သူ့ဘက်က ပထမဆုံးထိတွေ့ဖူးခြင်းပင်။
"စိတ်ချပါ ခန့် ရာ။ ကိုဗစ်က အဲ့လောက်ထိ အလျင်အမြန် ကူးစက်မှာမဟုတ်ပါဘူး"
"ဘာပဲဖြစ်ဖြစ် ခုတောင် positive နှစ်ယောက်တွေ့ထားတာ။ ကိုယ်တို့ မပေါ့ဆသင့်ဘူး"
"ဟုတ်ပါပြီ ကိုစိုးရိမ်ကြီးရယ်။ ကဲခုရော ကားဝန်းထဲမှာ လူတွေ အများကြီးရှိနေတာလေ။ ကူးစက်မှာ မကြောက်ဘူးလား"
"မင်းရှိနေတယ်လေ"
ခန့် ရဲ့စကားက တိုးတိုးလေး။ ခန့်မှာ ကျွန်တော်နဲ့ပတ်သတ်ပြီး စိုးရိမ်စိတ်လေးရှိနေတယ်ပါလားဆိုတဲ့ အသိက ကျွန်တော့်ရင်ကို နွေးထွေးသွားခဲ့လေသည်။
"ကား ထွက်တော့မယ် ထင်တယ် ။ တက်တော့နော်။ အိမ်ပြန်ရောက်ရင် ကိုယ့်ကိုဖုန်းဆက်ဖို့မမေ့နဲ့နော်"
YOU ARE READING
ရှေးရေစက်ကြောင့် ဆုံစည်းကြရာဝယ်...[Completed]