(Unicode)
"ဖိုးတာလေးကို မွေးစားမဲ့မိဘတွေရောက်နေကြပြီအကို"
ဂေဟာမှူးဆရာမလေး၏စကားကြောင့် ကျွန်တော်အတိုင်းမသိ ဝမ်းသာသွားမိလေသည်။
နောက်ဆုံးတော့ ဖိုးတာလေးကို လိုလိုချင်ချင်နဲ့မွေးစားမဲ့သူရှိလာခဲ့ပါပြီကောလား။
ဖိုးတာ...
ဖိုးတာလို့ ချစ်စနိုးခေါ်ကြတဲ့ သည်ကလေးရဲ့ အသက်က ၇ နှစ်။ အသားကညိုညို၊ ဆံပင်က ခပ်ကောက်ကောက်၊ မျက်လုံးကအတန်ငယ်ပြူးနေပေမဲ့ ချစ်မွှေးပါသည်ဟုဆိုရပေမည်။ ဂေဟာကိုရောက်လာကြသည့် လူတိုင်းက ဖိုးတာကို သဘောကျကြသည်။ ဟိုတလောကမှ ဂေဟာကို အလှူလာလုပ်သွားကြသည့် အသက်ခပ်ကြီးကြီး ဇနီးမောင်နှံက ဖိုးတာလေးကို သဘောတွေ့ခဲ့ကြသည်။ သူတို့ဇနီးမောင်နှံကဖိုးတာကို အမွေစားအမွေခံမွေးစားချင်ကြသော်လည်း သူတို့မွေးစားမဲ့ကလေးက သူတို့ကို မိဘအရင်းအဖြစ်သာ မြင်စေ၊သိစေချင်ကြသည်။ သို့ပေသည့် ဖိုးတာတို့အရွယ်ဆိုတာကလည်း အရာရာကိုတတ်သိနားလည်နေတဲ့ အရွယ်ပင်မဟုတ်ပါလား။ ထိုသို့သော အကြောင်းတရားအဖုံဖုံကြောင့် သူ့ထက်အငယ် ညီ၊ညီမလေးတွေမှာ အဖေ၊အမေ ခေါ်စရာရသွားကြပေမဲ့ ဖိုးတာလေးက " မေတ္တာရိပ်ခို" ဂေဟာလေးမှာ ဖိုးကျန်ရစ်လေးဖြစ်လို့သာ ကျန်ခဲ့တော့သည်။"သူတို့ ဖိုးတာကို အမှန်တကယ်လိုချင်စိတ်ရှိကြရဲ့လား"
"တကယ်တော့ အမျိုးသားတစ်ယောက်တည်းပါ အကို"
"ဟင်"
ကောင်းမြတ်သာ ဆရာမလေးနှင်းထက်မေကို တအံ့တသြကြည့်လိုက်လေသည်။
"ဇနီးမောင်နှံမှလွဲ၍ တစ်ကိုယ်ရေတစ်ကာယသမားများကို ကလေးမွေးစားရန်ခွင့်မပြုပါ" ဟူသော Notice Board မှ စာကြောင်းကို သူမကိုယ်တိုင် ရေးသားထားခဲ့တာပင်။
သို့ ထိုလူ့ကို အဘယ်သို့သောအကြောင်းပြချက်နှင့် ဖိုးတာလေးကို မွေးစားရန် ခွင့်ပြုခဲ့ပါသနည်း။
"သူ့အမျိုးသမီးက car accident ကြောင့်ဆုံးသွားတာ မကြာသေးဘူးအကို။ ခုလက်ရှိမှာ သူက မိဘတွေနဲ့အတူနေထိုင်ပါတယ်။ သူတို့မိသားစုက ဖိုးတာကို မြင်မြင်ချင်းသဘောကျ,ကြတာရယ် ပြီးတော့..."
YOU ARE READING
ရှေးရေစက်ကြောင့် ဆုံစည်းကြရာဝယ်...[Completed]