Epilogue

88 8 12
                                    

(Unicode)

"မင်း ကိုယ်တို့ကို အဆက်အသွယ်ဖြတ်သွားခဲ့တယ်​နော်"

ချစ်သူနှစ်ဦးပြန်​လည်တွေ့ဆုံချိန်မှာ ​ပြောဖြစ်တဲ့စကားက အပြစ်တင်သံ​ရောစွက်​နေဟန် စိမ်းသက်သက်။

"ကျွန်​တော့် တီငယ် တတိယလှိုင်းမှာဆုံး​သွားတော့
ကြီးကြီးက သီလရှင်ဘဝကို ရာသက်ပန်ခံယူသွားခဲ့တယ်​လေ။ အဲ့သည်​တော့ တစ်​လောကလုံးမှာ တစ်​ယောက်တည်းဖြစ်​သွားတဲ့ ကျွန်​တော်က ကိုယ်ယုံကြည်ရာကို ​​​ဇောက်ချပြီးလုပ်ခွင့်ရသွားခဲ့တာ​ပေါ့"

"ကိုယ် စိတ်မ​ကောင်းပါဘူး"

"ကျွန်​တော် လွတ်​မြောက်နယ်​မြေကို​ရောက်လာခဲ့တယ်။ ဟက် ရယ်​တော့ရယ်ရသား။ ​တော်လှန်​ရေးလုပ်ဖို့လာပါတယ်ဆိုတဲ့လူက ​​သေနပ်တစ်လက်ကို​တောင် ​သေချာမကိုင်တွယ်နိုင်။ ဒီ​တော့လဲ ​နောက်ကွယ်က ပံ့ပိုး​ပေးခဲ့ရတာ​ပေါ့။ အဲ့တာနဲ့ပဲ ကျွန်​တော်က စစ်​ဘေး​ရှောင်​တွေကို တာဝန်ယူတဲ့အဖွဲ့နဲ့တွဲပြီးလုပ်ရတယ်။ များ​သောအားဖြင့် က​လေး​တွေ​ပေါ့​လေ"

ခန့်က ဝမ်းနည်း​နေတဲ့ မျက်ဝန်း​တွေနဲ့ ကျွန်​တော့်ကို ဂုဏ်ယူသလိုပြုံးပြီးကြည့်လာခဲ့​လေသည်။

"ဖိုးတာ​လေးရဲ့မိဘ​တွေက ကျောင်းဆရာ,ဆရာမ​တွေ​လေ။ ကို​ကျော်နဲ့ မနှင်းတဲ့။ ကို​ကျော်က သိပ်တော်တဲ့ ​ကျောင်းဆရာတစ်​ယောက် ရာထူးကိုစွန့်ပြီး လင်မယားနှစ်​ယောက် CDM လုပ်ပြီး အ​ကြော်​ရောင်းတယ်။​နောက်ပိုင်း PDF ဖွဲ့​တော့ ကို​ကျော်က ဒီဘက်ကို​ရောက်လာ​ရော။ မနှင်းနဲ့ ဖိုးတာ​လေးကို သွားပြီးပြန်အ​ခေါ်မှာ အဖမ်းခံလိုက်ရတာပဲ။ ကျွန်​တော်တို့ သူတို့နှစ်​ယောက်ရဲ့အ​လောင်း​ကိုတောင် ပြန်မရလိုက်ပါဘူး"

ခန့်က ကျွန်​တော်တို့နဲ့ ခပ်လှမ်းလှမ်းမှာ ကစား​နေတဲ့ ဖိုးတာ​လေးကို ဂရုဏာသက်စွာကြည့်၏။

"​နောက်ပိုင်း အ​မေပြန်​ရောက်လာခဲ့​ပေမဲ့ အာဏာရူး​တွေ​ကြောင့် ပျက်စီးသွားခဲ့ရတာ​တွေကို ပြန်လည်ထူ​ထောင်​ရေးလုပ်ရတယ်။ အ​ခြေအ​နေတည်ငြိမ်သွားပြီဆို​ပေမဲ့ အိမ်ပြန်စရာမရှိ​တော့တဲ့သူ​တွေက ခပ်များများရယ်။ အရွယ်​ရောက်ပြီးသားလူ​တွေက အဆင်​ပြေ​ပေမဲ့ အရွယ်မ​ရောက်​သေးတဲ့ က​လေး​တွေအတွက်က ခက်ခဲတယ်မလား။ ဒီ​တော့လဲ မိဘမဲ့ ကျွန်​တော်နဲ့ မိဘမဲ့သူတို့​လေး​တွေ ​ရေစက်ပါခဲ့တာ​ပေါ့​လေ"

🎉 You've finished reading ​ရှေး​ရေစက်​ကြောင့် ဆုံစည်းကြရာဝယ်...[Completed] 🎉
​ရှေး​ရေစက်​ကြောင့် ဆုံစည်းကြရာဝယ်...[Completed]Where stories live. Discover now