အတိတ်ထဲမှ ပံုရိပ်🌠
မုန်းသဏ္ဌာန်
ချစ်သဏ္ဌာန် ဟူသည် ညီအစ်မနှစ်ယောက်ဖြစ်၏။ အဖ ဦးချစ်ခင်နှင့် အမိဒေါ်မုန်းသဇင် တို့မှ မွေးဖွားလာသော အမျိုးကောင်းသမီးပျို နှစ်ဦးဖြစ်သည်။
ဦးချစ်ခင်သည် မိသားစုဝင်မှလွဲ၍ ကျန်တဲ့သူများပေါ်တွင် အကုန်ကောင်းပေးတတ်သည့်အကျင့်ရှိသည်။
ဒေါ်မုန်းသဇင်မှာ ထိုကိစ္စနှင့်ပင် မကြာခဏ စိတ်ညစ်လျက် ညည်းညူလေ့ရှိပေသည်။သူမတို့၏ သမီးနှစ်ယောက်မှာလည်း ယခု၌ ဆယ်ကျော်သက် အရွယ်သို့ ေရာက်ရှိနေပြီဖြစ်၏။
မုန်းသဏ္ဌာန် ( ခေါ် ) မုန်း က ၁၇ နှစ် ၊
ချစ် ( ခေါ် ) ချစ်သဏ္ဌာန် ကမူ ၁၅ နှစ်။
အရွယ်အားဖြင့် ၂ နှစ်သာ ကွာခြားသော ညီအစ်မနှစ်ယောက် ။မုန်းသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုထားရာ ချစ်သည် တက္ကသိုလ် အကြိုဝင်တန်းစာမေးပွဲ ၊
၈ တန်းကို ဖြေဆိုထားပေသည်။မုန်းသဏ္ဌာန် သည် ပညာရေး ဘက်တွင် သူ့ညီမ ချစ်သဏ္ဌာန်ထက်ပင် ပို၍ ထူးချွန်သူတစ်ယောက်ဖြစ်သည်။
ချစ်သဏ္ဌာန်မှာမူ သခင်္ျာ မှ လွဲ၍
ကျန်တဲ့ ဘာသာများကို သိပ်စိတ်မဝင်
စားပေ။အမှတ်များသည်လည်း ပုံမှန်လောက်ပါပင်။မုန်းသဏ္ဌာန်အား ဆေးကျောင်းတက်ရန် ဦးချစ်ခင်မှ မျှော်လင့်ထားသည်။မုန်သဏ္ဌာန်သည် တစ်အိမ်လုံး၏ ထောက်တိုင်ကဲ့သို့ အားကိုးထားရာ ဖြစ်နေ၍ သူမဘဝအတွက် သူမနှစ်သက်ရာကို ဘယ်သောအခါမှ မရွေးချယ်ခဲ့ဘဲ သူမအတွက် သင့်တော်မည့် ရွေးချယ်မှုများကိုသာ ပြုလုပ်ခဲ့သူ။
သို့သော် သူမ၏ညီမဖြစ်သူကိုမူ သူမကဲ့သို့ မဖြစ်စေချင်သည်က သူမ၏ တစ်ခုတည်းသော တောင်းဆိုမှုပင်...။
မုန်းသဏ္ဌာန် ဟူသော မိန်းကလေးသည် လူများအထင်တွင် လွန်စွာမှ
နားလည်ရန်ခက်ခဲသော သူတစ်ဦးဖြစ်နေသည်။လူတိုင်းလိုလိုပင် သူမကို ရှုပ်ထွေးသော ပုစ္ဆာတစ်ပုဒ်ကဲ့သို့ သတ်မှတ်ထားကြ၏။
YOU ARE READING
သဏ္ဌာန်
Non-Fictionဒီကမ္ဘာကြီး ထဲမှာ ပုံစံတွေများစွာ...... သဏ္ဌာန် တွေများစွာ...... သို့သော်လည်း အတ္တ ပုံစံခွက်ထဲမှ သဏ္ဌာန် ငယ်တွေကတော့ လှပခြင်းမရှိ နှလုံးသားဒဏ်ချက်များနှင့် သဏ္ဌာန်အချို့ CV Photo From Pexel Full Credit to Original Owner ( ပုဂ္ဂိုလ်ရေးရာများကြောင်...