2

52 13 6
                                    

" နင်အောင်တယ် မုန်း ၊ အမှတ်ကလည်း ဆေးကျောင်းမှီတယ် ငါလေ နင့်အစား ဝမ်းသာလိုက်တာဟယ် "

တစ်ဖက်မှ ဖုန်းပြောသူသည် ပျော်ရွှင်လှသော လေသံဖြင့် ဝမ်းသာအားရပြောဆိုနေသော်လည်း မုန်းသဏ္ဌာန်မှာတော့ အံသြခြင်းမရှိသကဲ့သို့ပင်။

ဟုတ်ပါသည်။ သူမအံ​ြသရန် မလိုချေ။ မနေ့က သိထားသော သတင်းဖြစ်တာက တစ်ကြောင်း ၊ အစကတည်းက မှန်းထားသည်က တစ်ကြောင်းမို့ တစ်ကယ်ပင် မအံ​ြသခဲ့ပါ။

" သြော် အင်း ၊ ဒါပဲလား ငါမအားလို့"

အေးစက်သော လေသံဖြင့် ပြော၍ တစ်ဖက်မှ အဖြေကို စောင့်ဆိုင်းခြင်းမရှိဘဲ သွယ်လျလှပတဲ့ သူမရဲ့လက်ချောင်းတွေက ဖုန်းစခရင်ပေါ်တွင်ရှိသော အနီရောင်လေးအား နှိပ်ချလိုက်တော့သည်။

ထို့နောက် သူမ၏ ခြေတံရှည်များကို အသုံးပြုလှုပ်ရှားကာ သူမထိုင်နေသော ဒန်းလေးကို လွှဲလိုက်၏။ ဖုန်းဆက်သူသည် သူမတို့၏ အတန်းခေါင်းဆောင်ဟောင်း ဖြစ်တဲ့သင်းရနံ့ ပင်။

စာအလယ်အလတ် ​တော်သူဖြစ်၍ ရည်းစားမှု ပွေရှုပ်သူ။ ဖုန်းနံပါတ်ကို မည်ကဲ့သို့ ရရှိလာသည်လည်းတော့ မသိပေ။ တကယ်ဆို ဖုန်းဆက်ခေါ်ပြောတဲ့ထိ မရင်းနှီးကြပါ။

ခုမှ ဘာစိတ်ကူးနှင့် ဆက်သနည်း။
စဥ်းစားရင်း ခေါင်းရှုပ်လာတာမို့ ပတ်ဝန်းကျင်ဆီသို့ မျက်စိရောက်မိသည်။

သူမထိုင်နေသော ဒန်းလေးသည် ပန်းပင်များ၏ အလယ်တွင်။

အိမ်ဘေးနှင့် ရှေ့တွင် သူမအမေစိုက်ပျိုးထားသော ပန်းပင်နှင့် အပင်အချို့မှာ တွေ့သူတိုင်း" လှလိုက်တာ မျက်စိအေးတယ်ကွယ် "ဟု တစ်ခြားသူများမှာ ပြောဆိုတတ်သောလည်း သူမ၏အမြင်အာရုံသည် ထိုကဲ့သို့ မမြင်ပေ။

သာမန်အပင် ၊ အသက်ရှင်​​​​နေကြသော အပင်များဟုသာ မြင်တတ်လေ၏။

" မမက အလှအပကို မခံစားတတ်ပါဘူး " ဟု ချစ်သဏ္ဌာန်မှ မကြာခဏဆိုလေသော စကားကို သတိရကာ နေရောင်ခနေသော မျက်နှာ​​လေးထက်၌ အပြုံးမမည်သော အပြုံးတစ်ခု ခိုနားလေ၏။

သဏ္ဌာန် Where stories live. Discover now