3

30 9 2
                                    

" အမရေ ညစာစားတော့မယ်တဲ့
လာခဲ့တော့ "

သီချင်းကမ္ဘာထဲသို့ နစ်မြုပ်နေသော မုန်းသဏ္ဌာန် တစ်ယောက် သူ့ညီမဖြစ်သူ၏ အော်ခေါ်သံကိုကြား၍ earphone ကိုဆွဲဖြုတ်လိုက်သည်။

ပတ်ဝန်းကျင်တွင် မှောင်ရိပ်သန်းနေလေပြီ။

ထို့ကြောင့် နားထောင်လက်စ သီချင်းကို ရပ်တန့်သည့် ခလုတ်ဖြင့် ရပ်တန့်ကာ အိမ်ထဲသို့ ဝင်သွားလေ၏။

မီးဖိုချောင်ထဲတွင် သူမရှိသည်။ ညစာအတွက် ဟင်းများကိုနွှေးနေခြင်း ဖြစ်၏။ သူ့ညီမငယ်မှာမူ ပန်းကန်များထက်သို့ ထမင်းဖြူထည့်ကာ ပြင်နေခြင်းပင်။ ဤသည်မှာ သူမတို့ ပုံမှန်ပြုလုပ်နေကျ အရာတစ်ခုပင်။

မနက် ၊ နေ့လည် ၊ ညနေ ထမင်းစားချိန်တိုင်း ထိုသို့ ပြင်ဆင်ကြရသည်။ သူမတို့၏ မာတာမိခင် ဒေါ်မုန်းသဇင် ပြုလုပ်ပေးထားသော အလေ့အကျင့်ဖြစ်လေ၏။

"ထောက်" ဟင်းအိုးခလုတ်ကိုပိတ်လိုက်သည်။ ပန်ကန်းလုံးထဲသို့ ခူးထည့်ပြီး စားပွဲပေါ်တွင် တင်လိုက်၍ သူမ့မိဘတွေကို ထမင်းစားခေါ်ရန် ထွက်လာခဲ့၏။

"ဒေါက် ဒေါက်"

သစ်သားအစင်းကြောင်းများဖြင့် ကျက်သရေရှိသော ကျွန်းအခန်းတံခါးထက်သို့ နှစ်ကြိမ်ခေါက်ပြီးနောက် သူမ အခန်းထဲသို့ ဝင်လာခဲ့သည်။

ကုတင်ပေါ်တွင်လဲလျောင်းကာ ဖုန်းကြည့်နေကြသော သူမ့မိဘနှစ်ဦး။

"ထမင်းစားလို့ရပြီ အဖေ၊ အမေ"

သူမပြောသည့်စကားကိုပြန်မဖြေပဲ ခေါင်းညိမ့်ကာပြလေသည်။ ထို့နောက်သူမထမင်းပန်းကန်ရှိရာသို့ ထိုင်ကာ ထမင်းစားနေတော့၏။

မကြာပါ။ သူမ၏မိဘများ ရောက်လာ၍ ထမင်းဝိုင်းလေးသည် လူစုံသွားပြီ ဖြစ်သည်။ သို့သော် ဇွန်း၊ ခက်ရင်း အသံမှတစ်ပါး တခြားအသံမကြားရပေ။

တိတ်ဆိတ်နေသည်။ အေးစက်နေသည်။ ထိုအရာကို သူမဖြိုခွင်းလိုက်သည်။ စကားတစ်ခွန်းဖြင့်။

"ဆေးကျောင်းကို မန္တလေး မှာတက်ဖို့
စဥ်းစားထားတယ် သို့မဟုတ် တောင်ကြီးပေါ့"

သဏ္ဌာန် Where stories live. Discover now