သူမညနေက တင်ထားသော postအောက်မှာ comment တစ်ခု ဝင်ရေးသည်မှလွဲ၍ ပို့ထားသည့် စာဟူ၍ အရိပ်အယောင်ပင် မတွေ့ရချေ။
သောက အဖို့ ရင်လေးမိပါသည်။
မုန်းသဏ္ဌာန် နှင့်သောကမှာ ငယ်စဥ်ကတည်းက အတူကြီးပြင်းလာသော ငယ်ကျွမ်းဆွေများမဟုတ်သော်ငြား
တစ်ယောက်နှင့်တစ်ယောက် မည်မျှ ခင်မင်ချစ်ခင်ကြသည်ကို အထူးတလည် ထုတ်ဖော်ပြသခြင်းမပြုဘဲနှင့် သိနိုင်ကြ၏။
သောက၏ အညိုရောင် လက်ကိုင်ပုဝါလေးထက်တွင် လွန်စွာမှ ကျရန်ခက်ခဲသော သူမ့မျက်ရည်တစ်စ ကျဆင်းခဲ့ဖူးသလို
သူမရဲ့ အနက်ရောင် ပုဝါစထက်တွင်တော့ သောက၏ မျက်ရည်ပေါင်း တစ်ဂါလံနှင့် နှပ်ရည်ပေါင်း တစ်လီတာကို ညှစ်ထုတ်ခဲ့ဖူးလေသည်။
ခုတော့လည်း ထိုလက်ကိုင်ပုဝါနှစ်ခုမှာ သူမတို့နှစ်ယောက် မီးလောင်တိုက်သွင်းခဲ့၍ ပြာမှုန့်များပင် ဖြစ်၍ လေခေါ်ဆောင်ရာ ဘယ်အရပ်သို့ ကြွချီနေမှန်းပင် မသိနိုင်ချေ။
အဲ့သည်တုန်းက သူတို့နှစ်ယောက် ငယ်ကြသေးပေသည် ။
ကိန်းဂဏန်းအရဖြင့်ဆိုသော် တစ်ဆယ့်သုံးနှစ်မျှသာ ။
🌫🌫🌫🌫🌫🌫
သူမ့ ပို့စ်အောက်တွင် မန့်ထားသည်လေးကို love react ပေးပြီးနောက် မည်သည်အသံကိုမှ မကြားတော့သော အိမ်ထံသို့ တစ်ချက်ကြည့်၍
မပြီးပြတ်သေးသော လုပ်လက်စ အလုပ်များ ကို မုန်းသဏ္ဌာန် ဆက်လက် လုပ်ကိုင်ရင်း ပြန့်ကြဲနေသော အတေွးစတွေကို အသိစိတ်ဖြင့် လိုက်လံ စုစည်း၍ ငါးပါးသော အာရုံတို့ကို တစ်နေရာထဲသို့သာ ဦးတည်ထားရှိလိုက်တော့သည်။
သူမ၏ အလုပ်ထံသို့။
🍂🍂🍂🍂🍂🍂🍂🍂
"ကျစ်"
နာကျင်မှုများကြားမှ သူ စိတ်ညစ်စွာ စုတ်သပ်လိုက်၏။နတ်ပန်းချီကားတစ်ချပ်ရေးဆွဲထားသည့်အလား ချောမောလှပတဲ့ သူ့မျက်နှာထက်တွင် သွေးစီးကြောင်းများက အကျည်းတန်စွာ နေရာယူလျက်။
ခေါင်းမှာလဲ အပ်ပေါင်းတစ်ကုဋေဖြင့် ထိုးသကဲ့သို့ တစ်ဆစ်ဆစ်ဖြင့်။
YOU ARE READING
သဏ္ဌာန်
Non-Fictionဒီကမ္ဘာကြီး ထဲမှာ ပုံစံတွေများစွာ...... သဏ္ဌာန် တွေများစွာ...... သို့သော်လည်း အတ္တ ပုံစံခွက်ထဲမှ သဏ္ဌာန် ငယ်တွေကတော့ လှပခြင်းမရှိ နှလုံးသားဒဏ်ချက်များနှင့် သဏ္ဌာန်အချို့ CV Photo From Pexel Full Credit to Original Owner ( ပုဂ္ဂိုလ်ရေးရာများကြောင်...