6

27 9 7
                                    

သူမရဲ့ တည်ငြိမ်လှတဲ့ မျက်ဝန်းတွေသည် မနာကျင်ရသော ခွဲခွာမှုအဖို့ ဖျော့တော့စွာ အသိအမှတ်ပြုလိုက်၏။

အိမ်စီးကား အနက်လေးပေါ်သို့ အထုပ်တွေတင်နေတဲ့ မြင်ကွင်းကို ကြည့်နေသည့် သူမမှာ မလှုပ်မယက်ဖြင့်။ ကျောက်ရုပ်သဖွယ်။

တကယ်တမ်း သူမရင်ထဲမှာ တစ်နာရီ မိုင်နှုန်း(၈၀၀)အထက်ရှိတဲ့ မုန်တိုင်းတစ်ခုက ဆိုးရွားစွာ တိုက်ခတ်နေသည်။
မနာကျင်ရသယောင် တိုးဝှေ့ တိုက်ခတ်နေ၏။

ပစ္စည်းတွေ အကုန်တင်ပြီး၍ ကားနောက်ဖုံးပိတ်သည်အထိ သူမ ငေးကြည့်နေမိသည်။ သတိလွတ်စွာ......။

ထိုအချိန် သူမမြင်ကွင်းထဲသို့ ပတ်တီးဖြူဖြူ ခေါင်းတွင် စီးထားသည့် သောက မှ ဝင်ရောက်လာ၏။ သူမ ထပ်မံပြီး ငေးကြည့်မိပြန်၏။

သူမတို့ ဝေးကြ​ေတာ့မည်။ အဖြူရောင်ကြိုးတွေနဲ့ ရစ်ပတ်လို့ဖွဲ့နှောင်ထားတဲ့ သူမတို့ဝေးကြရတော့မည်။

ကျီစားခြင်းကို ဝါသနာထုံတဲ့ ကံကြမ္မာရဲ့ ရိုက်ခတ်မှုလိှုင်းတံပိုးက လက်သည်ပင် ဖြစ်​ေပရော့မည်။

မနေ့ညက အသံများအကြောင်း မေးမြန်းဖို့ သောကတို့ခြံသို့ အသွားတွင် ချစ်သဏ္ဌာန် ပြောလိုက်သည့် စကားက သူမ့ခြေလှမ်းများကို သံလိုက်နှင့် ဆွဲငင်လိုက်သယောင်။

သောက မန္တလေးတွင် တက္ကသိုလ် တက်မည်တဲ့လေ။ မနေ့က ဘာမှန်းမသိတဲ့ ပြဿနာကြောင့် မန္တလေးသို့ ​ြမန်မြန်သွားရန် ဖြစ်လာရသည်တဲ့။

မေးမြန်းရန် ကိစ္စမရှိတော့သော်လည်း သူတို့ခြံထဲသို့ သူမ သွားခဲ့ပါသည်။ နှုတ်ဆက်ရန်မဟုတ်သလို သတိရနေမည့်အ​ကြောင်းကို ဖွဲ့နွဲ့ပြောပြရန်လည်း မဟုတ်ချေ။

သောကရဲ့ မျက်နှာကို မေ့မသွားစေရန် သေချာ မှတ်သားဖို့ သွားခြင်းပင်။

" ဘာလဲ ငါ့မျက်နှာကို နင် မှတ်ဖို့ စိုက်ကြည့်နေတာလား ဟိတ်ဒ် "

သောကရဲ့ ရှတတ စကားသံ​ကြောင့် ငေးမောခြင်းကို ရပ်တန့်လိုက်၏။ ထို့နောက် သူမ အခြားသို့ မျက်နှာလွှဲလျက် စကားတစ်ခွန်းကို ဆိုလိုက်သည်။ ရင်ထဲမှ စစ်မှန်စွာ ဆိုလိုက်သော စကားလည်း ဖြစ်နိုင်သည်။

သဏ္ဌာန် Where stories live. Discover now