4

26 9 1
                                    

မနေ့။       ။
မကြာလှသေးသော အတိတ်မို့ ယခုချိန်ထိ ပူနွေးစွာ ကွက်ကွက်ကွင်းကွင်း မှတ်မိနေသည့် ပုံရိပ်များ။

အောင်စာရင်းထွက်တဲ့နေ့ ။ ထိုနေ့က သူလာခဲ့သည်။ သူမ့ဆီကို ။ အဲ့အချိန်တုန်းက သူမ မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေခဲ့၍ အိမ်နောက်ဖေး ဘက်ထိ သူ ရောက်လာကာ စကားပြောခဲ့သည်။

စပြောတဲ့ အကြောင်းရာကတော့ အောင်စာရင်းကို ဘယ်လိုလုကြည့်ခဲ့ရကြောင်း ၊ လူတွေအများကြီးကို ဘယ်လိုတွန်းခဲ့ရကြောင်း ။

မသိလျှင် စစ်တိုက်ထွက်၍ပြန်လာသည့်
စစ်သူကြီးတစ်ယောက်က​ဲ့သို့ပင်။

သူတကယ် ပင်ပန်းလာခဲ့သည်ကိုတော့ ခေါင်းကို ရေလောင်းထားသကဲ့သို့ ရွှဲနေသော  အချောင်းလိုက် ကျနေသည့် သူ့ ဆံပင်ထံမှ သိနိုင်၏။

အသားဖြူဖြူ၊ နက်မှောင်မနေဘဲ အညိုဖျော့ဖျော့ မျက်ဆံညိုတည်ရှိတဲ့ မျက်ဝန်းနှင့် ထင်းနေသော မေးရိုး၊ ပါးလွှာသော နှုတ်ခမ်းအစုံကို ပိုင်ဆိုင်ထားသော အမျိုးသားဟာ ချွေးတွေရွှဲနစ်နေသည်။

ဖြူနေသောသူ့အသားရေပေါ်ရှိ ချွေးစက်တို့မှာ တလက်လက်​တောက်ပနေသောစိန်ဥလေးများ တွဲလွဲခိုနေ​ြကသယောင်။

အ​​​ြခ​ားသူမှာ ချွေးထွက်လာလျှင် ပုံပျက်ပန်းပျက် ဖြစ်တတ်ပေမဲ့ မုန်းသဏ္ဌာန်၏ ရှေ့မှာရှိတဲ့ အနှီလူသားမှာမူ ပို၍ပင် ဆွ​ဲ​ေဆာင်မှုတိုးနေသယောင်။

" ဟူး မောလိုက်တာကွာ ဟိတ်ဒ် (Hate)
မင်းမလဲ ပြောတဲ့သူကို အားနာဦး စကားပြန်မလာပဲ မနေနဲ့လေကွာ "

ဟင်းချင်နေရာမှ သူမ လည်ပြန်ကြည့်လိုက်တော့ သူကရယ်ပြ၏။ ပါးချိုင့်များပင် ပေါ်လို့။

သူမဟင်းအိုးထဲသို့ ရေများထပ်ထည့်ခဲ့ပြီး သူရှိရာသို့ သွားလိုက်သည်။

သူ      ။      သူဆိုတာ သူမရဲ့ သူငယ်ချင်း သောကပါ။ နာမည်က ဆန်းလွန်းလို့ သူ့ကို မှတ်မိနေခဲ့တာ ။ သောကမှာ သူ့ထက်နှစ်နှစ်ကြီးတဲ့ အင်ဂျင်နီယာ အလောင်းအလျာ အကို တစ်ယောက် ရှိ၏။

သူ့အကိုနာမည်က လောကတဲ့ ။ အဲ့ဒါနဲ့ အငယ်မွေးတော့ သောက ဖြစ်သွားသည် ဟူ၍ ပြောကြသည်။ အသောကနဲ့ ခဏခဏ စနောက်ခံရတဲ့အတွက် နာမည်ပြောင်းဖု့ိ လုပ်ခဲ့ရာမှ တစ်ခုခုသော ဘယ်သူမှမသိတဲ့ အကြောင်းကြောင့် မပြောင်းဖြစ်တော့ပေ။

သဏ္ဌာန် Where stories live. Discover now