"အရှင်ရေ!"
"အား။ ဒီလူကို ဖမ်းစမ်း! ဘာလို့သူက ဒီလောက် သန်ရတာလဲ?!"
သူ့နောက်မှာတော့ ရူဂျာရဲ့ ပူပန်နေတဲ့ အော်သံနဲ့အတူ တိုက်ခိုက်နေသံတွေကိုပါ ကြားနေရတယ်။ ဒါပေမဲ့လည်း လူလ်စန်က သူ့ဘာသာတောင် အနိုင်နိုင် ဂရုစိုက်နေရတာ။ တောအုပ်က ကြမ်းတမ်းပြီး လမ်းမရှိဘူး။ မြင်းရဲ့ အားပြင်းတဲ့ ခွာက မြေကြီးနဲ့ ထိလိုက်တိုင်း ဖုန်တွေထပြီး အမှုန်အမွှားတွေက လူလ်စန်ရဲ့ ဦးခေါင်းပေါ် လာတင်တယ်။
လူလ်စန်က သူ့ရှိသမျှ အားအကုန်လုံးနဲ့ ကိုင်ထားတယ်။ တစ်ချက် မှားလှုပ်ရှားမိတာနဲ့ သူပြုတ်ကျနိုင်တယ်! ဒီကြောက်စရာကောင်းတဲ့ အလျင်နဲ့သာ ပြုတ်ကျခဲ့ရင် တော်တော်ပြင်းပြင်း ဒဏ်ရာရသွားမှာ။ ဒီမှာ ကိုင်စရာလည်း မရှိသလို သူ့ကိုလည်း သေချာ မတွဲထားဘူး။ အဲ့ဒါကြောင့် သူ့တစ်ကိုယ်လုံး မြင်းကို ကုပ်တွယ်ထားရတယ်။
မြင်းက သစ်မြစ်တွေကို ကျော်ဖို့ ခုန်လိုက်တိုင်း လူလ်စန်ကိုယ်ကပါ လိုက်မြင့်တက်လာတယ်။ ဒါပေမဲ့လည်း သူ ဆက်ကုပ်တွယ်ထားနိုင်တယ်။ ဒါပေမဲ့ မြင်းကုန်နှီးအမာကြီးက ခုန်လိုက်တိုင်း သူ့ဝမ်းဗိုက်ကို ထိုးမိတယ်။
"ဟာ့! အာ့! အား!"
မြင်းရဲ့ တင်သားတင်းတင်းလေးက လူလ်စန်ရဲ့ ပါးနဲ့ ထိနေပြီး မြင်းမြှီးကလည်း သူ့ကိုယ်ကို လာလာရိုက်နေတယ်။ သူ့ခေါင်းထဲ သွေးတွေဝင်လာပြီး သူ့အမြင်အာရုံမှာလည်း အနက်ရောင် အစက်အပျောက်တွေ ပေါ်လာတယ်။
'သေရတာလည်း ကောင်းပါတယ်...'လို့ သူစတင် တွေးလိုက်တုန်းမှာပဲ မြင်းက ရပ်သွားတယ်။ လူလ်စန်က တောင့်မခံနိုင်တော့ပဲ မြေကြီးပေါ် လှိမ့်ဆင်းလိုက်တယ်။ သူ့ဆီကနေ ဒုတ်ခနဲ အသံကျယ်ကြီး ထွက်ပေါ်လာတယ်။
သူ့ရဲ့ မြှီးညှောင့်ရိုးကနေ တော်တော်နာကျင်နေပြီး လူလ်စန်က ခေါင်းငုံ့လိုက်ကာ ပျို့တက်လာတယ်။ သူ့ခန္ဓာကိုယ်က အခုထိ ပြေးနေတဲ့ မြင်းပေါ်မှာ ရှိနေတုန်းလို့ ထင်မှားနေတယ်။ သူ့မျက်လုံးထောင့်မှာ မျက်ရည်စတွေ အလိုအလျောက် ပေါ်လာတယ်။
YOU ARE READING
နန်းကျအရှင်ရဲ့ အခြေအနေ အရပ်ရပ်ပေါင်းများစွာ : Myanmar translation (Unicode)
RomanceLanguage Korean Author(s) 포와송 Status in COO 146 chapters (completed) Licensed No Original Publisher 연필 - Pencil Publishing Associated Names 몰락한 영주님의 사정